ရေတာရှည်မြို့နယ်ပါတီ အမျိုးသမီး၊ လူငယ်ရေးရာတွေ့ဆုံပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာတွေ့ဆုံပွဲကို ဒီဇင်ဘာ (၃၀) ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းလူငယ်ရေးရာ တာဝန်ခံ၊ တောင်ငူခရိုင် အတွင်းရေးမှူး၊ တောင်ငူခရိုင်အမျိုးသမီးနှင့် လူငယ်ရေးရာတာဝန်ခံ၊ ရေတာရှည်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာတာဝန်ခံ၊ လူငယ်ရေးရာ တာဝန်ခံ တို့က ဖွဲ့စည်းရေး၊ လုပ်ငန်းများဆောင်ရွက်ရေးတို့အတွက် ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

Read more

မိတ္ထီလာခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌မီဒီယာသင်တန်းဖွင့်လှစ်

 

(၃၀.၁၂.၂၀၁၆)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် မိတ္ထီလာခရို င်ပြည်ခိုင်ဖြိုးပါတီရုံး၌ Social Media အ​ခြေခံသင်တန်းဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင်များဖြစ်​ကြ​သော ဦးမိုးမြင့်​သိန်း၊ ဦးအောင်နိုင်ဦး၊ ​ဒေါ်သန်းသန်း​အေး၊ မိတ္ထီလာခရိုင်ဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ ​ရမည်းသင်းခရိုင်​ဥက္ကဌနှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ မိတ္ထီလာခရိုင်​နှင့်​ ရမည်းသင်းခရိုင်​တို့အတွင်းရှိမြို့နယ်​များမှဥက္ကဌများ၊ သင်​တန်းနည်းပြများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြပြီး တိုင်းပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးမှအဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Read more

ရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီးမှ ပေးပို့သော ကရင် အမျိုးသားနှစ်သစ်ကူးပွဲတော် သဝဏ်လွှာအား ပွဲတော်ကျင်းပရေးကော်မတီထံ ပေးအပ်

 

မွန်ပြည်နယ် ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ၂၈.၁၂.၂၀၁၆ ကျောင်းရွာကျေးရွာတွင် ကျင်းပသည့် (၇၉)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ် ကူးပွဲအကြို အခမ်းအနားသို့ သွားရောက် ကြပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီးမှ ပေးပို့သော (၇၉)ကြိမ်မြောက် ကရင် အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာကိုပေးအပ်ပြီး မြို့နယ်ပါတီမှ အခမ်းအနားကျင်းပရေးအတွက် အလှူငွေ တစ်သိန်းကျပ် လှူဒါန်းရာ အခမ်းအနားကျင်းပရေးကော်မတီဝင် စောအယ်ဒါးမှ လက်ခံရယူခဲ့သည်။

Read more

သံဖြုဇရပ်ပြည်ခိုင်ဖြိုး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပရန် ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေး ပြုလုပ်

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်နှင့် အမျိုးသမီးရေးရာတို့မှ ပူးပေါင်းကျင်းပသည့် (၁၅) နှစ်အောက် ၁၃ မိုင် မီနီမာရသွန်ပြိုင်ပွဲ ကျင်းပရန် ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာလ ၂၈ ရက် နံနက် (၁၁) နာရီ အချိန်တွင်ကျင်းပရာ ကျင်းပေ ရးကော်မတီဥက္ကဌ ဦးစိုးနိုင်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီများ တက်ရောက် ကြသည်။

Read more

ကော့မှူးပြည်ခိုင်ဖြိုးပါတီ (၆၉)ကြိမ်မြောက် လွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်လှုပ်ရှားမှု အားကစားပွဲပြုလုပ်မည်

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှဦးဆောင်၍ (၆၉)ကြိမ်မြောက် လွပ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယခုလ ၃၁ရက်တွင် ကော့မှူးပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲအား ပထမဆုကို ကျပ်တစ်သိန်း၊ ဒုတိယဆုကို ကျပ်ရှစ်သောင်း၊ တတိယဆုကို ကျပ်ခြောက်သောင်းနှင့်အခြား နှစ်သိမ့်ဆုများ၊တစ်ဦးချင်း (ရိုက်/ ထောင်/ဆယ်) ဆုများကို ကျပ်နှစ် သောင်းစီ ဆုချီးမြှင့်မည်ဖြစ်ကြောင်း၊ကော့မှူးမြို့နယ် ကျေးရွာများမှ အသင်း ၁၆ သင်း စာရင်းအတည်ပြုထားပြီးဖြစ်ကြောင်း ဆက် လက်ဆောင်ရွက်မှုများတွင် လူငယ်ကဏ္ဍြ မှင့်တင်နိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း သိရသည်။

Read more

မန္တလးခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များ မန္တလေးတောင် တောင်ဘက်မုခ် စောင်းတန်းတစ်လျှောက်တောင်ခြေမှတောင်ပေါ်အထိ သန့်ရှင်းရေးလုပ်အားဒါနပြု

 

Read more

ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဒိုင်းဘောလုံးပြိုင်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌဒိုင်းဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ (၂၈) ရက် မွန်းလွဲ ၂နာရီကပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ခြံဝင်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဌာနချုပ် အသင်းအပါအဝင် ပြည်ထောင်စုနယ်မြေ အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်ဖြစ်သော ပျဉ်းမနားမြို့နယ်ပါတီအသင်း၊ လယ်ဝေးမြို့နယ် ပါတီအသင်း၊ တပ်ကုန်းမြို့နယ်ပါတီအသင်း၊ ဇမ္ဗူသီရိမြို့နယ် ပါတီအသင်းနှင့် ဒက္ခိဏမြို့နယ် ပါတီအသင်း၊ ဥတ္တရသီရိပါတီအသင်း၊ ပုပ္ဗသီရိပါတီအသင်း၊ ဇေယျာသီရိမြို့နယ်ပါတီအသင်း စုစုပေါင်း အသင်းကိုးသင်းတို့က လာရောက်ယှဉ်ပြိုင်ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ခရစ္စမတ်ဆုတောင်းပေးပို့သည့် သဝဏ်လွှာ ကွမ်းလုံမြို့နယ် လူမျိုးပေါင်းစုံခရစ်ယာန်ဘာသာကျောင်းတွင်ဖတ်ကြား

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့ ဥာဏသိပံ္ပရပ်ကွက်ရှိ လူမျိုးပေါင်းစုံခရစ်ယာန်ဘာသာကျောင်း၌ ယခုလ ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။ ခရစ်ယာန်ဘာသာဝင်များ၏ ထူးခြားလေးနက်သော ကောင်းချီးမင်္ဂလာများနှင့်ပြည့်စုံသည့် နေ့ထူးနေ့မြတ်ဖြစ်သည့် (ခရစ္စမတ်နေ့)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ ခရစ္စမတ်ဆုတောင်းပေးပို့သည့်သဝဏ်လွှာကို ကွမ်းလုံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးထွန်းရင်က ပါတီဥက္ကဋ္ဌကိုယ်စားတက်ရောက်အားပေးချီးမြှင့်ဖတ်ကြားခဲ့သည်။

Union Daily


Read more

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လှုပ်ရှားမှု ခြေလျင်တောင်တက်ခရီးစဉ် အောင်မြင်စွာ ပြီးစီး

 

ခရီးစဉ်အတွင်း အစစအဆင်ပြေချောမွေ့အောင် ကူညီ ခဲ့ကြသော ဆောမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ချင်းပြည်နယ်ပါတီအတွင်းရေးမှူး၊ ကန်ပက်လက်မြို့နယ် ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ နှင့် ချင်းပြည်နယ်မှ မိတ်ဆွေများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။
ခရီးစဉ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခြင်း၊ ကျေးရွာနေပြည်သူများ၏လူမှုစီးပွား ဘ၀အခြေအနေများလေ့လာနိုင်ရေးတို့အတွက် ကျေးရွာအတွင်း CBT အစီအစဉ်ဖြင့် ဖွင့်လှစ်ရန်ပြင်ဆင်နေသောSor Long Lodged အား လေ့လာနိုင်ရန်စီစဉ်ပေးခဲ့သော ကျေးရွာမှတာဝန်ရှိသူများ အားလည်း အထူးကျေးဇူးတင်ရှိပါသည်။

Read more

ပါတီအောင်နိုင်ရေး တွေ့ဆုံဆွေးနွေး

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံခရိုင် ဟိုပန်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ (၂၆) ရက် နံနက် (၁၀) နာရီအချိန်က ပြည်နယ်၊ ကွမ်းလုံခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

Read more