(၃၀-၇-၂၀၁၆) ရက်နေ့ နံနက်ပိုင်း (၀၈၃၀)နာရီချိန်မှ (၀၉၃၀)နာရီချိန်ထိ “၀” အထူးဒေသ-၂ ဦးပေါက်ယူယီ ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်များ၊ မိုင်းလားအထူးဒေသ-၄ မှ ဦးစိုင်းလင်း ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၈၀) ဦးခန့်သည် နေပြည်တော်ရှိ ပါတီဌာနချုပ်ရုံး ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။