EV Express ယာဉ်ဖြင့် စတင်ပြေးဆွဲ

ရန်ကုန်အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းတစ်လိုင်းဖြစ်တဲ့ မန္တလာမင်း ယာဉ်လိုင်းဟာ EV Express ယာဉ်တစ်စီး နဲ့ စတင်ပြေးဆွဲပေးနေတယ်လို့ အဲဒီယာဉ်လိုင်းကနေ သိရပါတယ်၊၊ လက်ရှိပြေးဆွဲပေးနေတဲ့ ခရီးစဉ်ကတော့ ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို EV Express ယာဉ်တစ်စီးနဲ့ စတင်ပြေးဆွဲပေးနေတာဖြစ်ပြီး လိုက်ပါစီးနင်းမယ် ဆိုရင်တော့ တစ်ယောက်ကို ကျပ်၂ သောင်းခွဲ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်၊၊ အဲဒီခရီးစဉ်ရဲ့ စတင်ထွက်ခွာ ချိန်ကိုတော့ မနက် ၇ နာရီခွဲအချိန် သတ်မှတ်ထားတယ်လို့ သိရပါတယ်၊၊ EV Express ကားတွေဟာ အပူချိန် မြင့်တက်မှု၊ လေထုညစ်ညမ်းမှုနဲ့ လောင်စာဆီသုံးစွဲမှုကို လျှော့ချပေးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်တဲ့အတွက် ဆူညံသံကင်းပြီး ခရီးသည်တွေ ဇိမ်ကျကျ ခရီးသွားနိုင်အောင် ပြေးဆွဲနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့လည်း မန္တလာမင်း ယာဉ်လိုင်းက ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းအတွင်း ရေကြီးမှုကြောင့် ကျောင်း ၄၅၀ အထိ ယာယီပိတ်ထားရ

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေမှုကြောင့် ကျောင်းပေါင်း(၄၅၀) ကို ယာယီ ခေတ္တပိတ်ထားရကြောင်း သိရသည်။

ယာယီ ခေတ္တပိတ်ထားရသော ကျောင်းများသည် ပဲခူးတိုင်းဒေသကြီး (အရှေ့)တွင် ရှိသည့် မြို့နယ် ၉ မြို့နယ်မှအခြေခံပညာကျောင်း ၁၈၉ ကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်)တွင်ရှိသည့် မြို့နယ် ၁၁ မြို့နယ်မှ အခြေခံ ပညာကျောင်း ၂၆၁ ကျောင်း ဖြစ်သည်။

ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများတွင် စောစီးစွာ ကုသမှုခံယူရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်

မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဆဲဖြစ်ပြီး နောက်(၂)ရက်အတွင်း ပြန်ကျဆင်းနိုင်ကြောင်း မိုး/ဇလ အသိပေး

ကိုဗစ်အတည်ပြုလူနာသစ် ၇၃ ဦးရှိလာ ၊ ယခင်တစ်ပတ်ထက် (၁၀) ဦးထပ်တိုး

ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့ဇွန် (၁၇) ရက် ထုတ်ပြန်သည့် ကိုဗစ် – ၁၉ ရောဂါကူးစက်မှု အခြေအနေ အသိပေးချက်အရ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၇၃) ဦးရှိကြောင်း သိရသည်။
ဇွန်လ(၉)ရက်၊ ည(၈)နာရီမှ ဇွန်လ(၁၆)ရက်၊ ည(၈)နာရီအထိ တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၃၈၇၈)ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် (၇၃) ယောက်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် (၀ ဒသမ ၂၂) ရာခိုင်နှုန်းရှိလာခြင်းဖြစ်ကာ ကိုဗစ်-၁၉ရောဂါနှင့်ေ-သဆုံးသူမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ယခင်အပတ်က ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုသည် (၆၃) ယောက်ရှိကာ ယခု (၇၃) ယောက်ရှိလာသောကြောင့်ယခင်အပတ်ထက် (၁၀)ဦး ပိုများလာခြင်းဖြစ်သည်။

5 G ကွန်ရက်သစ်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ နေရာအချို့တွင် ဇွန်လအတွင်း အသုံးပြုနိုင်တော့မည်ဟု MPT ထုတ်ပြန်

MPT က 5G ကွန်ရက်သစ်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ သတ်မှတ်ထား သည့် နေရာအချို့တွင် ဇွန်လအတွင်း စတင် စမ်းသပ် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဇွန် ၁၀ ရက်တွင် MPT က ထုတ်ပြန်ခဲ့သည်။