ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ “စည္း႐ုံးေရးဆိုင္ရာေခါင္းေဆာင္မႈသင္တန္း အမွတ္စဥ္(၂)”သင္တန္းဖြင့္လွစ္

ဇူလိုင္ ၁၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္ ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္ေန႔မွ ရက္သတၱ ၂ ပတ္ၾကာဖြင့္လွစ္သင္ၾကားမည့္ “စည္း႐ုံးေရးဆိုင္ရာေခါင္းေဆာင္မႈသင္တန္း အမွတ္စဥ္ (၂)” သင္တန္းဖြင့္ပြဲအခမ္းအနားကို ယေန႔နံနက္ ၀၉၀၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ တက္ေရာက္ဖြင့္လွစ္ေပးခဲ့ပါသည္။
ပထမဦးစြာ အခမ္းအနားကို တက္ေရာက္ၾကသူအားလုံးက နိုင္ငံေတာ္အလံအေလးျပဳၿပီး နိုင္ငံေတာ္သီခ်င္းသီဆို၍ ဖြင့္လွစ္ၾကပါသည္။ ၎ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားရာ ” ပါတီတြင္ စည္း႐ုံးေရးသမားေကာင္းမ်ား ေပၚေပါက္လာေရး၊ စည္း႐ုံးေရးအရည္အခ်င္းျပည့္ဝေရး၊ အတၱကင္းေသာ နိုင္ငံေရးသမားေကာင္းမ်ားျဖစ္လာေစေရးအတြက္ ဤသင္တန္းကိုဖြင့္ရျခင္းျဖစ္ေၾကာင္း၊ စည္းကမ္းရွိစြာ စနစ္တက်ရွိစြာျဖင့္ သင္ၾကားသည့္ သင္ခန္းစာမ်ားကို လယ္ေတြ႕ နယ္ပယ္တြင္ ထိထိေရာက္ေရာက္အသုံးခ်၍ ရသည္အထိ သင္ၾကားနာယူၾကရန္လိုေၾကာင္း ” ေျပာၾကားခဲ့ၿပီး နံနက္ ၀၉၃၀ အခ်ိန္တြင္ ဖြင့္ပြဲအခမ္းအနားကို႐ုတ္သိမ္းခဲ့ပါသည္။
ထို႔ေနာက္ ပါတီဥကၠ႒က သင္ခန္းစာမ်ားကိုလည္း ဆက္လက္ပို႔ခ်သင္ၾကားရာ သင္တန္းသား/သူ မ်ားက စိတ္ပါဝင္စားစြာ သင္ယူၾကပါသည္။
အဆိုပါသင္တန္းဖြင့္ပြ​ဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဘက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ သင္တန္းသား/သူ (၁၀၀) ဦးတို႔တက္ေရာက္ခဲ့ပါသည္။

+++++++++++++++++++++++++++++

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ “စည်းရုံးရေးဆိုင်ရာခေါင်းဆောင်မှုသင်တန်း အမှတ်စဥ်(၂)”သင်တန်းဖွင့်လှစ်
===============
ဇူလိုင် ၁၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ရက်သတ္တ ၂ ပတ်ကြာဖွင့်လှစ်သင်ကြားမည့် “စည်းရုံးရေးဆိုင်ရာခေါင်းဆောင်မှုသင်တန်း အမှတ်စဥ် (၂)” သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉၀၀ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ပထမဦးစွာ အခမ်းအနားကို တက်ရောက်ကြသူအားလုံးက နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ကြပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ ” ပါတီတွင် စည်းရုံးရေးသမားကောင်းများ ပေါ်ပေါက်လာရေး၊ စည်းရုံးရေးအရည်အချင်းပြည့်ဝရေး၊ အတ္တကင်းသော နိုင်ငံရေးသမားကောင်းများဖြစ်လာစေရေးအတွက် ဤသင်တန်းကိုဖွင့်ရခြင်းဖြစ်ကြောင်း၊ စည်းကမ်းရှိစွာ စနစ်တကျရှိစွာဖြင့် သင်ကြားသည့် သင်ခန်းစာများကို လယ်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက်အသုံးချ၍ ရသည်အထိ သင်ကြားနာယူကြရန်လိုကြောင်း ” ပြောကြားခဲ့ပြီး နံနက် ၀၉၃၀ အချိန်တွင် ဖွင့်ပွဲအခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌက သင်ခန်းစာများကိုလည်း ဆက်လက်ပို့ချသင်ကြားရာ သင်တန်းသား/သူ များက စိတ်ပါဝင်စားစွာသင်ယူကြပါသည်။
အဆိုပါသင်တန်းဖွင့်ပွ​ဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၁၀၀) ဦးတို့တက်ရောက်ခဲ့ပါသည်။