ထြန္းထြန္းမင္းႏွင့္ ေသြးသစ္ဝင္းလွိုင္တို႔၏ မေက်ပြဲ ပူးတြဲသေရ ရလဒ္သာထြက္ေပၚ

(၆၉)ႏွစ္ေျမာက္ ကရင္ျပည္နယ္ေန႔ အထိမ္းအမွတ္ ျမန္မာ့ရိုးရာ လက္ေဝွ႕ၿပိဳင္ပြဲကို နိုဝင္ဘာ ၇ ရက္မွ ၉ ရက္ထိ သုံးရက္ၾကာ က်င္းပခဲ့ရာ လက္ေဝွ႕ၿပိဳင္ပြဲ၏ ေခါင္ပြဲအျဖစ္ ထြန္းထြန္းမင္းႏွင့္ ေသြးသစ္ဝင္းလွိုင္တို႔ အႀကိတ္အနယ္ ထိုးသတ္ခဲ့ၿပီး ပူးတြဲသေရက်ခဲ့ေၾကာင္း သိရသည္။
ယင္းလက္ေဝွ႕ၿပိဳင္ပြဲတြင္ ရိုးရာလက္ေဝွ႕ေက်ာ္ႏွစ္ဦးအေနျဖင့္ ငါးခ်ီယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္ၿပီး ပြဲၿပီးဆုံးခ်ိန္အထိ အလဲထိုးနိုင္ျခင္း မရွိသလို ထြန္းထြန္းမင္းအေနျဖင့္ ႏွစ္ႀကိမ္ ဒိုင္အမွတ္ေရတြက္ျခင္းခံခဲ့ရၿပီး ပြဲအၿပီး ထြန္းထြန္းမင္းႏွင့္ ေသြးသစ္ဝင္းလွိုင္တို႔အား ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္က တစ္ဦးလၽွင္ က်ပ္သိန္း ၁၅၀ စီ အသီးသီးခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း သိရသည္။
(၆၉)ႏွစ္ေျမာက္ ကရင္ျပည္နယ္ေန႔ အထိမ္းအမွတ္ပြဲအတြင္း ေခါင္တြဲဆိုင္းႏွင့္ အျခားစိန္ေခၚပြဲ မ်ားကို နိုဝင္ဘာ ၇ ရက္မွ ၉ ရက္အထိ သုံးရက္ၾကာ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ မကျေပွဲ ပူးတွဲသရေ ရလဒ်သာထွက်ပေါ်
==============
(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်မှ ၉ ရက်ထိ သုံးရက်ကြာ ကျင်းပခဲ့ရာ လက်ဝှေ့ပြိုင်ပွဲ၏ ခေါင်ပွဲအဖြစ် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ အကြိတ်အနယ် ထိုးသတ်ခဲ့ပြီး ပူးတွဲသရေကျခဲ့ကြောင်း သိရသည်။
ယင်းလက်ဝှေ့ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့ကျော်နှစ်ဦးအနေဖြင့် ငါးချီယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ပွဲပြီးဆုံးချိန်အထိ အလဲထိုးနိုင်ခြင်း မရှိသလို ထွန်းထွန်းမင်းအနေဖြင့် နှစ်ကြိမ် ဒိုင်အမှတ်ရေတွက်ခြင်းခံခဲ့ရပြီး ပွဲအပြီး ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့အား ကရင်ပြည်နယ်ဝန်ကြီးချုပ်က တစ်ဦးလျှင် ကျပ်သိန်း ၁၅၀ စီ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲအတွင်း ခေါင်တွဲဆိုင်းနှင့် အခြားစိန်ခေါ်ပွဲ များကို နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။