


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး မန္တလေးတိုင်းဒေသကြီးအလုပ်အမှုဆောင်ကော်မတီများနှင့် မြို့နယ်အလုပ်အမှုဆောင်ကော်မတီများမိတ်ဆက်တွေ့ဆုံ
============
(၅.၁၁.၂၀၂၄)ရက်နေ့ (၁၄:၀၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး မန္တလေးတိုင်းဒေသကြီးအလုပ်အမှုဆောင်ကော်မတီများနှင့်မြို့နယ်အလုပ်အမှုဆောင်ကော်မတီများမိတ်ဆက်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ မိတ်ဆက်စကားပြောကြားပြီး တက်ရောက်လာကြသော သဘင်အစည်းအရုံးအဖွဲ့ဝင်များမှ ဆွေးနွေးခဲ့ကြပြီး (၁၅:၃၀)အချိန်တွင် တွေ့ဆုံပွဲအခမ်းအနားပြီးစီးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းပါတီကော်မတီဝင်များ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး မန္တလေးတိုင်းဒေသကြီးဥက္ကဌ ဦးပစ်တိုင်းထောင်နှင့်အလုပ်အမှုဆောင်ကော်မတီများ၊ မြို့နယ်အလုပ်အမှုဆောင်ကော်မတီများတက်ရောက်ခဲ့ကြပါသည်။