အာဆင္နယ္အားကစားဒါရိုက္တာရာထူးကေန ႏုတ္ထြက္သြားတဲ့ အီဒူး

အာဆင္နယ္အားကစားဒါရိုက္တာ အီဒူးဟာ သူ႔ရဲ့ရာထူးကေန ႏုတ္ထြက္သြားခဲ့ၿပီး ေနာ္တင္ဟမ္ေဖာရက္စ္အသင္းပိုင္ရွင္ မီရီနာကစ္နဲ႔လက္တြဲဖို႔ မူအားျဖင့္သေဘာတူညီမွုရခဲ့တယ္လို႔ သိရပါတယ္။ မာရီနာကစ္နဲ႔လက္တြဲမယ့္ ဒီဒူးရဲ့ရာထူးေနရာကို အတည္ျပဳဖို႔နဲ႔ တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အၿပီးသတ္ရဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္ အာဆင္နယ္အသင္းကေတာ့ တနလၤာေန႔ညေနပိုင္းမွာ အီဒူး ရာထူးကေန ႏုတ္ထြက္ခဲ့တဲ့အသင္းကို အတည္ျပဳခဲ့ပါတယ္။ အီဒူးဟာ ကစားသမားအေနနဲ႔ အာဆင္နယ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ရွုံးပြဲမရွိ ခ်န္ပီယံဆုကို ရယူခဲ့သူျဖစ္ၿပီး ၂၀၁၉ ခုႏွစ္က နည္းစနစ္ဒါရိုက္တာအျဖစ္ လန္ဒန္ကလပ္အသင္းကို တစ္ေက်ာ့ျပန္ေရာက္လာပါတယ္။ အဲဒီေနာက္ပိုင္းမွာ အားကစားဒါရိုက္အျဖစ္ ရာထူးတိုးျမႇင့္ခံခဲ့ရၿပီး ဒီကလန္ရိုက္စ္၊ ကိုင္ဟာဗက္ဇ္နဲ႔ အိုဒီဂတ္စ္စတဲ့ ထိပ္တန္းကစားသမားေခၚယူမွုေတြ လုပ္ခဲ့ပါတယ္။ အီဒူးကေတာ့ ဒါဟာ မယုံနိုင္ေအာင္ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ မီရီနာကစ္ပိုင္ဆိုင္တဲ့အသင္းေတြထဲမွာ ေနာ္တင္ဟမ္ေဖာရက္စ္၊ အိုလံပီယာကို႔စ္ ရီယိုေအဗီတို႔ ပါဝင္ခဲ့ၿပီး အနာဂတ္မွာ ဥေရာပကလပ္အသင္းတစ္သင္းကို ဝယ္ယူဖို႔ရွိတယ္လို႔လည္း သိရပါတယ္။


အာဆင်နယ်အားကစားဒါရိုက်တာရာထူးကနေ နုတ်ထွက်သွားတဲ့ အီဒူး
=================================
အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးဟာ သူ့ရဲ့ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင် မီရီနာကစ်နဲ့လက်တွဲဖို့ မူအားဖြင့်သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။ မာရီနာကစ်နဲ့လက်တွဲမယ့် ဒီဒူးရဲ့ရာထူးနေရာကို အတည်ပြုဖို့နဲ့ တရားဝင်စာချုပ်ချုပ်ဆိုဖို့ အပြီးသတ်ရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကတော့ တနင်္လာနေ့ညနေပိုင်းမှာ အီဒူး ရာထူးကနေ နုတ်ထွက်ခဲ့တဲ့အသင်းကို အတည်ပြုခဲ့ပါတယ်။ အီဒူးဟာ ကစားသမားအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ရှုံးပွဲမရှိ ချန်ပီယံဆုကို ရယူခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်က နည်းစနစ်ဒါရိုက်တာအဖြစ် လန်ဒန်ကလပ်အသင်းကို တစ်ကျော့ပြန်ရောက်လာပါတယ်။ အဲဒီနောက်ပိုင်းမှာ အားကစားဒါရိုက်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပြီး ဒီကလန်ရိုက်စ်၊ ကိုင်ဟာဗက်ဇ်နဲ့ အိုဒီဂတ်စ်စတဲ့ ထိပ်တန်းကစားသမားခေါ်ယူမှုတွေ လုပ်ခဲ့ပါတယ်။ အီဒူးကတော့ ဒါဟာ မယုံနိုင်အောင်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မီရီနာကစ်ပိုင်ဆိုင်တဲ့အသင်းတွေထဲမှာ နော်တင်ဟမ်ဖောရက်စ်၊ အိုလံပီယာကို့စ် ရီယိုအေဗီတို့ ပါဝင်ခဲ့ပြီး အနာဂတ်မှာ ဥရောပကလပ်အသင်းတစ်သင်းကို ဝယ်ယူဖို့ရှိတယ်လို့လည်း သိရပါတယ်။