၁၀ မိနစ္ထဲနဲ႔ ၀ ကေန ၁၀၀ ရာခိုင္ႏွုန္း အားသြင္းေပးနိုင္တဲ့ လၽွပ္စစ္ကား ဘက္ထရီ

အနာဂတ္မွာ လၽွပ္စစ္ကားေတြကို အားသြင္းဖို႔ အခ်ိန္အမ်ားႀကီး ေစာင့္စရာ မလိုေတာ့ပါဘူး။ ေကာ္ဖီ တစ္ခြက္ထိုင္ေသာက္ၿပီး ေစာင့္လိုက္တာနဲ႔ အိုေကပါၿပီ။
လၽွပ္စစ္ကားေတြကို အားအျမန္သြင္းေပးနိုင္တဲ့ ဘက္ထရီေတြကို ကုမၸဏီမ်ားစြာက တီထြင္ေနၾကပါတယ္။ အခုေတာ့ Adden Energy ကုမၸဏီက တီထြင္ထားတဲ့ Lithium-metal Solid-state Battery ဟာ ၁၀ မိနစ္ထဲနဲ႔ ၀ ကေန ၁၀၀ ရာခိုင္ႏွုန္း အားသြင္းေပးနိုင္ပါတယ္။ ဒီ ဘက္ထရီ နည္းပညာဟာ အႀကိမ္ ၆,၀၀၀ အားသြင္းၿပီးေနာက္မွာ ၈၀ ရာခိုင္ႏွုန္း က်န္ရွိေနေသးတဲ့အတြက္ စြမ္းရည္ျမင့္မားပါတယ္။
Adden Energy ရဲ့ ပူးတြဲ တည္ေထာင္သူ Xin Li က “ Lithium Metal Anode Battery ဟာ Graphite Anodes ထက္ သိုေလွာင္နိုင္တဲ့ ပမာဏက ၁၀ ဆ ပိုမ်ားၿပီး လၽွပ္စစ္ကား ေမာင္းႏွင္နိုင္တဲ့ အကြာအေဝးကို ပိုမို ျမင့္မားေစပါတယ္။ “ လို႔ ေျပာပါတယ္။ သူက ကုမၸဏီဟာ ရင္းႏွီးျမႇပ္ႏွံေငြ ေဒၚလာ ၁၅ သန္း ရထားၿပီး မၾကာခင္ အဲဒီ ဘက္ထရီကို ထုတ္လုပ္နိုင္မယ္လို႔ ေျပာပါတယ္။
Ref : digitaltrends
#DigitalTimes


၁၀ မိနစ်ထဲနဲ့ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ လျှပ်စစ်ကား ဘက်ထရီ
==============================================
အနာဂတ်မှာ လျှပ်စစ်ကားတွေကို အားသွင်းဖို့ အချိန်အများကြီး စောင့်စရာ မလိုတော့ပါဘူး။ ကော်ဖီ တစ်ခွက်ထိုင်သောက်ပြီး စောင့်လိုက်တာနဲ့ အိုကေပါပြီ။
လျှပ်စစ်ကားတွေကို အားအမြန်သွင်းပေးနိုင်တဲ့ ဘက်ထရီတွေကို ကုမ္ပဏီများစွာက တီထွင်နေကြပါတယ်။ အခုတော့ Adden Energy ကုမ္ပဏီက တီထွင်ထားတဲ့ Lithium-metal Solid-state Battery ဟာ ၁၀ မိနစ်ထဲနဲ့ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ဒီ ဘက်ထရီ နည်းပညာဟာ အကြိမ် ၆,၀၀၀ အားသွင်းပြီးနောက်မှာ ၈၀ ရာခိုင်နှုန်း ကျန်ရှိနေသေးတဲ့အတွက် စွမ်းရည်မြင့်မားပါတယ်။
Adden Energy ရဲ့ ပူးတွဲ တည်ထောင်သူ Xin Li က “ Lithium Metal Anode Battery ဟာ Graphite Anodes ထက် သိုလှောင်နိုင်တဲ့ ပမာဏက ၁၀ ဆ ပိုများပြီး လျှပ်စစ်ကား မောင်းနှင်နိုင်တဲ့ အကွာအဝေးကို ပိုမို မြင့်မားစေပါတယ်။ “ လို့ ပြောပါတယ်။ သူက ကုမ္ပဏီဟာ ရင်းနှီးမြှပ်နှံငွေ ဒေါ်လာ ၁၅ သန်း ရထားပြီး မကြာခင် အဲဒီ ဘက်ထရီကို ထုတ်လုပ်နိုင်မယ်လို့ ပြောပါတယ်။
Ref : digitaltrends
#DigitalTimes