Ref : arenaev
#AICar
#DigitalTimes
ကမ္ဘာ့ ပထမဆုံး AI ကားကို ပြသလိုက်တဲ့ XPeng
============================
AI စမတ်ဖုန်းတွေ နားထားလိုက်တော့။ AI ကားတွေ လာပါပြီ။ တရုတ်မှ XPeng ကုမ္ပဏီက ကမ္ဘာ့ ပထမဆုံး AI ကားကို ကြေညာလိုက်ပါတယ်။ XPeng P7+ လို့ အမည်ပေးထားပြီး ADAS, Smart Driving , Power Usage , Energy Control နဲ့ Thermal Management အပါအဝင် ကားရဲ့ Feature များစွာမှာ AI နည်းပညာကို အသုံးပြုထားပါတယ်။
XPeng P7+ အတွက် 60.7kWh နဲ့ 76.3kWh Lithium Ion Phosphate Battery ပါတဲ့ မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပြီး ၆၂၀ နဲ့ ၇၁၀ ကီလိုမီတာ အသီးသီး မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ကားဟာ အရှည် ၅,၀၅၆ မီလီမီတာ၊ အကျယ် ၁,၉၃၇ မီလီမီတာနဲ့ အမြင့် ၁,၅၁၂ မီလီမီတာ ရှိပါတယ်။
လျှပ်စစ်စွမ်းအင် စားသုံးမှု နည်းပါးအောင် ပြုလုပ်ထားပြီး ကားဟာ ၁၀၀ ကီလိုမီတာမှာ 11.6kWh လျှပ်စစ်စွမ်းအင်ကိုပဲ အသုံးပြုတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရုတ်မှာ ကြိုတင် ရောင်းချမှာ ဖြစ်ပြီး နိုဝင်ဘာလမှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ကားရဲ့ ကျန်တဲ့ Specs နဲ့ ဈေးနှုန်းကို နိုတင်ဘာလကျမှ ကြေညာမှာ ဖြစ်ပါတယ်။
Ref : arenaev
#AICar
#DigitalTimes