
 

လယ်ဝေး စက်တင်ဘာ ၂၈


ရေဘေးသင့်ကျေးရွာဖြစ်သော လယ်ဝေးမြို့နယ်၊ပေါက်မြိုင်ကျေးရွာမှ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအား ပြည်ခိုင်ဖြိုးပါတီမှ ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်
============================
လယ်ဝေး စက်တင်ဘာ ၂၈
ရေဘေးသင့်ကျေးရွာတစ်ရွာဖြစ်သော နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ပေါက်မြိုင်ကျေးရွာမှ ဆရာ၊ဆရာမများနှင့်ကျောင်းသား ၊ ကျောင်းသူ ကလေးငယ် (၂၀၀)ကျော်ခန့်အား ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ပေါက်မြိုင်ကျေးရွာ၊အခြေခံပညာ အလယ်တန်းကျောင်းတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရေဘေးကြောင့် ၀မ်းပျက်၀မ်းလျှောရောဂါ၊ ကိုယ်ရေပြား ယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ ကလေးသူငယ်များ အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ စသည်တို့ ခံစားနေ​ရသူများကို ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ဆရာဝန်များ၊သူနာပြုများမှကုသပေးခဲ့ပြီး လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လိုက်ပါဝန်းရံခဲ့ကြောင်း သတင်းရရှိပါသည်။