


ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ၊ အလုပ်သမား​ရေးရာ​ကော်မတီတာဝန်ခံ ဗဟိုအလုပ်အမှု​ဆောင် ဦး​မောင်မြင့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ဆန်၊ဆီများလှူဒါန်း
===========================
နေပြည်တော် စက်တင်ဘာ ၂၁
ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ၊အလုပ်သမား​ရေးရာ​ကော်မတီတာဝန်ခံ ဗဟိုအလုပ်အမှု​ဆောင်ဦး​မောင်မြင့်သည် ၂၁.၉.၂၀၂၄ရက်​နေ့နံနက်ပိုင်းတွင် ​လယ်​ဝေးမြို့နယ် ​အောင်းကုန်း​ကျေးရွာရှိ ရှေး​ဟောင်းကျောင်း​တော်ကြီး၌​ရေ​ဘေးသင့်ပြည်သူများ အတွက် အလှူ​ငွေ (၁၅)သိန်းကျပ်၊(၂၄)ပြည်ပါ ဆန်(၁၀)အိတ် ဆီ၁၀ပိသာဗူး( ၂)ဗူးအားလှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ဇေယျာသီရိမြို့နယ် ​အောင်ဇေယျရပ်ကွက် ပညာ့​ရောင်ခြည်ဘုန်း​တော်ကြီး​ကျောင်း၌ရေ​ဘေးသင့်ပြည်သူများ အတွက် ​ငွေ(၁၀)သိန်းကျပ်၊ဆန်၂၄ပြည်အိတ်၁၀အိတ်၊ဆီ၁၀ပိသာဗူး၂ဗူးတို့အားလှူဒါန်းခဲ့ပြီး ​ရေ​ဘေးသင့်မိသားစု၀င်များအားအား​ပေးစကား​ပြောကြားခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ ပြည်​ထောင်စုနယ်​မြေပါတီ​ခေတ္တဥက္ကဌဦးလှ​ဆွေနှင့်အတူပြည်​ထောင်စုနယ်မြေပါတီ​ကော်မတီ၀င်များတက်​ရောက်ခဲ့ကြပါသည်။