Mpox (ေမ်ာက္ေက်ာက္) ေရာဂါ သတိျပဳေနထိုင္ၾကရန္ က်န္းမာေရးဝန္ႀကီးဌာန အသိေပး

အိမ္နီးခ်င္းႏွင့္ ေဒသတြင္းနိုင္ငံမ်ားတြင္ ကူးစက္ျဖစ္ပြားေနသည့္ Mpox (ေမ်ာက္ေက်ာက္) ေရာဂါႏွင့္ပတ္သက္၍ သတိျပဳေနထိုင္ရန္ က်န္းမာေရးဝန္ႀကီးဌာနအသိေပးေၾကညာထားသည္။
Mpox (ေမ်ာက္ေက်ာက္) ေရာဂါသည္ လိင္မွတဆင့္ ကူးစက္ျခင္း၊ အေရျပားထိေတြ႕ျခင္း၊ မ်က္ႏွာခ်င္းဆိုင္ အနီးကပ္ေတြ႕ဆုံျခင္းတို႔ျဖင့္ ကူးစက္ျခင္း၊ ေရာဂါပိုးကပ္ၿငိေနေသာ အရာဝတၱဳမ်ားကို ကိုင္တြယ္ထိေတြ႕ျခင္း၊ ေရာဂါပိုးကူးစက္ခံရေသာ တိရစၧာန္ႏွင့္ တိုက္ရိုက္ထိေတြ႕ျခင္းတို႔ျဖင့္ ကူးစက္ျခင္းမ်ားအားျဖင့္ အဓိက ကူးစက္နိုင္ေၾကာင္း ေဖာ္ျပထားသည္။
ျပည္သူလူထုအေနျဖင့္ ဖ်ား၍ မ်က္ႏွာ၊ လက္၊ ေျခေထာက္၊ ပါးစပ္ႏွင့္ လိင္အဂၤါမ်ားတြင္ အနီကြက္မ်ားႏွင့္အတူ အရည္ၾကည္ဖုမ်ားေပါက္ျခင္း၊ ျပန္ရည္အိတ္ (lymph node) မ်ား ေရာင္ရမ္းျခင္း၊ ေခါင္းကိုက္ျခင္း၊ ႂကြက္သားနာက်င္ကိုက္ခဲျခင္း၊ ေမာပမ္းႏြမ္းနယ္ျခင္းအစရွိေသာ လကၡဏာမ်ားရွိၿခ င္း၊ ဖ်ားျခင္းႏွင့္ အနီစက္/ အရည္ၾကည္ဖုထြက္ျခင္း ေရာဂါလကၡဏာ ခံစားေနရသူမ်ား (အထူးသျဖင့္ ေရာဂါပိုးေတြ႕ရွိရာ နိုင္ငံ/ ေဒသမ်ားမွ လြန္ခဲ့ေသာ ၂၁ ရက္အတြင္း ျပန္လာသူမ်ား) ႏွင့္ ထိေတြ႕မိျခင္းရွိပါက နိုင္ငံတကာ (သို႔မဟုတ္) ျပည္တြင္းခရီးသြားျခင္းကို ေရွာင္ၾကဥ္သင့္ၿပီး နီးစပ္ရာက်န္းမာေရးဌာနသို႔ အျမန္ဆုံးသတင္းပို႔၍ ကုသမႈခံယူၾကရန္ အသိေပးထုတ္ျပန္ထားသည္။
ထို႔ျပင္ Mpox (ေမ်ာက္ေက်ာက္) ေရာဂါ သံသယလကၡဏာခံစားေနရသူႏွင့္ အနီးကပ္ထိေတြ႕မႈကို ေရွာင္ၾကဥ္ျခင္း၊ အနီးကပ္ထိေတြ႕မႈကို ေရွာင္လႊဲ၍မရပါက လက္အိတ္ဝတ္ဆင္ျခင္းႏွင့္ ႏွာေခါင္းစည္း (mask) ကို တပ္ဆင္ျခင္း၊ လက္ကို ဆပ္ျပာႏွင့္ ေရ (သို႔မဟုတ္) ေရမလိုလက္သန႔္ေဆးရည္ အသုံးျပဳ၍ စနစ္တက် ေဆးေၾကာျခင္း၊ သံသယေရာဂါလကၡဏာခံစားေနရသူ၏ အသုံးအေဆာင္ပစၥည္းမ်ားကို ကိုင္တြယ္ရာတြင္ လက္အိတ္ဝတ္ဆင္ျခင္းႏွင့္ ႏွာေခါင္းစည္းတပ္ဆင္ျခင္းတို႔ျဖင့္ ေရာဂါကူးစက္မႈမွ ကာကြယ္နိုင္မည္ျဖစ္သည္။
၂၀၂၄ ခုႏွစ္အတြင္း ဒီမိုကရက္တစ္ကြန္ဂိုနိုင္ငံ (DRC) ႏွင့္ အာဖရိကတိုက္ရွိ နိုင္ငံမ်ားတြင္ Mpox (ေမ်ာက္ေက်ာက္) ေရာဂါ ကူးစက္ျဖစ္ပြားမႈ အရွိန္ျမင့္တက္လာျခင္း၊ ဒီမိုကရက္တစ္ကြန္ဂိုနိုင္ငံ အေရွ႕ပိုင္းတြင္ ေရာဂါပိုးမ်ိဳးကြဲအသစ္ (Clade Ib) လ်င္ျမန္စြာ ကူးစက္ပ်ံ႕ႏွံ့လာၿပီး နယ္စပ္ျဖတ္ေက်ာ္ႏွင့္ နိုင္ငံတကာကူးစက္ပ်ံ႕ႏွံ့မႈမ်ား ရွိေနျခင္းတို႔ေၾကာင့္ ကမၻာ့က်န္းမာေရးအဖြဲ႕မွ (၂၀၂၄) ခုႏွစ္၊ ဩဂုတ္လ (၁၄) ရက္တြင္ Mpox (ေမ်ာက္ေက်ာက္) ေရာဂါကူးစက္မႈအား နိုင္ငံတကာ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ေၾကညာခဲ့ျခင္းျဖစ္သည္။


Mpox (မျောက်ကျောက်) ရောဂါ သတိပြုနေထိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး
=================================

အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားနေသည့် Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနအသိပေးကြေညာထားသည်။
Mpox (မျောက်ကျောက်) ရောဂါသည် လိင်မှတဆင့် ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းတို့ဖြင့် ကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ်ထိတွေ့ခြင်း၊ ရောဂါပိုးကူးစက်ခံရသော တိရစ္ဆာန်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့ဖြင့် ကူးစက်ခြင်းများအားဖြင့် အဓိက ကူးစက်နိုင်ကြောင်း ဖော်ပြထားသည်။
ပြည်သူလူထုအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်အိတ် (lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောပမ်းနွမ်းနယ်ခြင်းအစရှိသော လက္ခဏာများရှိခြ င်း၊ ဖျားခြင်းနှင့် အနီစက်/ အရည်ကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာ ခံစားနေရသူများ (အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ ဒေသများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ) နှင့် ထိတွေ့မိခြင်းရှိပါက နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုခံယူကြရန် အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် Mpox (မျောက်ကျောက်) ရောဂါ သံသယလက္ခဏာခံစားနေရသူနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်း (mask) ကို တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့် ရေ (သို့မဟုတ်) ရေမလိုလက်သန့်ဆေးရည် အသုံးပြု၍ စနစ်တကျ ဆေးကြောခြင်း၊ သံသယရောဂါလက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းတို့ဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ (DRC) နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် ရောဂါပိုးမျိုးကွဲအသစ် (Clade Ib) လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။