ျမစ္ႀကီးနားတြင္ ဧရာဝတီျမစ္ေရ စိုးရိမ္ေရမွတ္အထက္ ဆက္ရွိေနဆဲျဖစ္ၿပီး ေနာက္(၂)ရက္အတြင္း ျပန္က်ဆင္းနိုင္ေၾကာင္း မိုး/ဇလ အသိေပး

ဧရာ၀တီျမစ္ေရသည္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ယေန႔ ဇူလိုင္လ (၂) ရက္တြင္လည္း စိုးရိမ္ေရအမွတ္အထက္ (၄)ေပခြဲခန္႔ ဆက္ရွိေနကာ ေနာက္(၂)ရက္အတြင္း စိုးရိမ္ေရမွတ္ေအာက္သို႔ ျပန္လည္က်ဆင္းနိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗသညႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္အသိေပးထားသည္။
မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ဧရာဝတီျမစ္ေရ စိုးရိမ္ေရမွတ္ထက္ ေက်ာ္လြန္ကာ ျမစ္ႀကီးနားၿမိဳ႕ရွိ လူေနရပ္ကြက္မ်ား အတြင္း ေရဝင္နစ္ျမဳပ္မႈမ်ား ျဖစ္ေပၚေနသည့္အတြက္ အိမ္ေထာင္စု (၂၀၀၀) ဝန္းက်င္ ေဘးလြတ္ရာသို႔ ယာယီ တိမ္းေရွာင္ ေနၾကရသည့္ အေျခအေနျဖစ္သည္။
လက္ရွိတြင္ ယာယီေရေဘးကယ္ဆယ္ေရးစခန္းမ်ားဖြင့္လွစ္ကာ ပိတ္မိေနသူမ်ားအား အေရးေပၚကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေနရဆဲျဖစ္ေၾကာင္း ေဒသတြင္း သတင္းရင္းျမစ္မ်ားထံမွ သိရသည္။
မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနက ယေန႔နံနက္ပိုင္း ထုတ္ျပန္ခ်က္အရ ခ်င္းတြင္းျမစ္ေရသည္လည္း ခႏၲီးၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္သို႔ (၅) ေပခြဲခန္႔သို႔ေရာက္ရွိေနကာ ေနာက္(၁)ရက္အတြင္း (၄) ေပခန္႔ ျမင့္တက္လာနိုင္ေသးသည္ဟု မိုး/ဇလက ထုတ္ျပန္ထားသည္။
ထို႔ျပင္ ခ်င္းတြင္းျမစ္ေရသည္ ဟုမၼလင္းၿမိဳ႕၏ စိုးရိမ္ေရအမွတ္ ေပဝက္ခန္႔သို႔ေရာက္ရွိေနၿပီး တစ္ရက္အတြင္း (၄) ေပခန္႔ ျမင့္တက္လာမည္ဟု မိုး/ဇလက ဆိုသည္။
ထို႔ကဲ့သို႔ ျမစ္ေရတက္ေနမႈမ်ားေၾကာင့္ ခႏၲီးၿမိဳ႕ႏွင့္ ဟုမၼလင္းၿမိဴ႕နယ္မ်ား အတြင္းရွိ အနိမ့္ပိုင္း ရပ္ကြက္မ်ားႏွင့္ ျမစ္ကမ္းပါး အနီးေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ၾကရန္ မိုး/ဇလက သတိေပးထားသည္။

===============

မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဆဲဖြစ်ပြီး နောက်(၂)ရက်အတွင်း ပြန်ကျဆင်းနိုင်ကြောင်း မိုး/ဇလ အသိပေး
ဧရာ၀တီမြစ်ရေသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ ဇူလိုင်လ (၂) ရက်တွင်လည်း စိုးရိမ်ရေအမှတ်အထက် (၄)ပေခွဲခန့် ဆက်ရှိနေကာ နောက်(၂)ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေသညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်အသိပေးထားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ မြစ်ကြီးနားမြို့ရှိ လူနေရပ်ကွက်များအတွင်း ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် အိမ်ထောင်စု (၂၀၀၀) ဝန်းကျင် ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်နေကြရသည့်အခြေအနေဖြစ်သည်။
လက်ရှိတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာ ပိတ်မိနေသူများအား အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့နံနက်ပိုင်း ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေသည်လည်း ခန္တီးမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၅) ပေခွဲခန့်သို့ရောက်ရှိနေကာ နောက်(၁)ရက်အတွင်း (၄) ပေခန့် မြင့်တက်လာနိုင်သေးသည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေအမှတ် ပေဝက်ခန့်သို့ရောက်ရှိနေပြီး တစ်ရက်အတွင်း (၄) ပေခန့်မြင့်တက်လာမည်ဟု မိုး/ဇလက ဆိုသည်။
ထို့ကဲ့သို့ မြစ်ရေတက်နေမှုများကြောင့် ခန္တီးမြို့နှင့် ဟုမ္မလင်းမြိူ့နယ်များ အတွင်းရှိ အနိမ့်ပိုင်း ရပ်ကွက်များနှင့် မြစ်ကမ်းပါး အနီးနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုး/ဇလက သတိပေးထားသည်။