မန္တလေး ဇွန် ၂၈
++++++++++++++++++++++++
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဒုတိယအကြိမ်မြောက် စာဖတ်ရှိန်မြှင့်တင်ရေး(Book Review)ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းတက်ရောက်ဆွေးနွေး
==========================
မန္တလေး ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဒုတိယအကြိမ်မြောက် စာဖတ်ရှိန်မြှင့်တင်ရေး(Book Review)ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား​ ပြောကြားခဲ့ပါသည်။
၎င်းနောက် အခမ်း အနားမှုး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်က ဦးဆောင်ဆွေးနွေးမည့် ပါတီဗဟိုကော်မတီဝင် ဦးကျော်မြင့်၏ ကိုယ်ရေးရာဇဝင်အကျဥ်းအား ဖတ်ကြားခဲ့ပြီး ပါတီဗဟိုကော်မတီဝင် ဦးကျော်မြင့်က ” နိုင်ငံရေးပါတီများနှင့်ဒီမိုကရေစီနိုင်ငံရေးကျင့်စဉ် ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိူင်ဦးနှင့်ဦးမြတ်သူ၊တိုင်း​ဒေသကြီး အထောက်အကူပြုအဖွဲ့ဝင် ဦးသိန်းလွင်တို့က ဒီမိုကရေစီနှင့်ပတ်သက်ပြီး ၎င်းတို့၏ အမြင်များအား ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် ပါတီဗဟိုအလုပ်အမှု ဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာမောင်သင်းက ” ဒီမိုကရေစီဆိုတာ ” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်းက ဦးဆောင်ဆွေးနွေးသူ ဗဟိုကော်မတီဝင် ဦးကျော်မြင့်အား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကာ ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေး(Book Review)ဆွေးနွေးပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ပါတီဗဟိုကော်မတီဝင်များဖြစ်သော တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ဗဟိုကော်မတီဝင် ဦးကျော်မြင့်၊တိုင်းဒေသကြီး အထောက်အကူပြု အဖွဲ့ဝင်များ၊အောင်မြေသာစံခရိုင်၊မဟာအောင်မြေခရိုင်၊အမရပူရခရိုင်၊တံတားဦးခရိုင်တို့မှ ဥက္ကဌ၊အတွင်းရေးမှုးနှင့်ကော်မတီဝင်များ၊ အဆိုပါခရိုင်များအတွင်းရှိမြို့နယ်များမှ ဥက္ကဌ၊အတွင်းရေးမှုးနှင့်ကော်မတီဝင်များ၊စုစုပေါင်း ၅၅ဦး တက်ရောက်ခဲ့ပါသည်။