မာေဆးအသင္း နည္းျပျဖစ္လာေတာ့မယ့္ ဒီဇာဘီ

မာေဆးအသင္းဟာ ဘရိုက္တန္နည္းျပေဟာင္းဒီဇာဘီကို အသင္းနည္းျပသစ္အျဖစ္ခန႔္အပ္ဖို႔ မူအားျဖင့္ သေဘာတူညီမႈရရွိခဲ့ပါတယ္။ ဒီဇာဘီဟာ ဘရိုက္တန္ကို (၂)ႏွစ္ၾကာကိုင္တြယ္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ရာသီအကုန္မွာ အသင္းကေန ထြက္ခြာခဲ့သူျဖစ္ပါတယ္။ အဆိုပါအီတလီလူမ်ိဳးနည္းျပဒီဇာဘီဟာ ၿပီးခဲ့တဲ့ရာသီအကုန္မွာ ေဘာလုံးနည္းျပဘဝကေန အနားယူသြားတဲ့ မာေဆးနည္းျပဂတ္စ္ဆက္ေနရာမွာ အစားထိုးဝင္ေရာက္မွာျဖစ္ပါတယ္။ သတင္းေတြရဲ့ေဖာ္ျပခ်က္အရ ဒီဇာဘီဟာ မာေဆးအသင္းနဲ႔ ၂၀၂၇ခုႏွစ္၊ ဇြန္လအထိ စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္ၿပီး မာေဆးအသင္းဟာ ဘရိုက္တန္အသင္းကို ေလ်ာ္ေၾကးယူရို(၆)သန္းခန႔္ ေပးေခ်ရမယ္လို႔ သိရပါတယ္။

+++++++++++++++++++++

မာဆေးအသင်း နည်းပြဖြစ်လာတော့မယ့် ဒီဇာဘီ
===============================
မာဆေးအသင်းဟာ ဘရိုက်တန်နည်းပြဟောင်းဒီဇာဘီကို အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ဖို့ မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒီဇာဘီဟာ ဘရိုက်တန်ကို (၂)နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာခဲ့သူဖြစ်ပါတယ်။ အဆိုပါအီတလီလူမျိုးနည်းပြဒီဇာဘီဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဘောလုံးနည်းပြဘဝကနေ အနားယူသွားတဲ့ မာဆေးနည်းပြဂတ်စ်ဆက်နေရာမှာ အစားထိုးဝင်ရောက်မှာဖြစ်ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ဒီဇာဘီဟာ မာဆေးအသင်းနဲ့ ၂၀၂၇ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး မာဆေးအသင်းဟာ ဘရိုက်တန်အသင်းကို လျော်ကြေးယူရို(၆)သန်းခန့် ပေးချေရမယ်လို့ သိရပါတယ်။