

===========

မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများဝင်ရောက်ယှဉ်ပြိုင်မယ့် Asean University Games
==========
အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကြီးကို (၂)နှစ်တစ်ကြိမ်ကျင်းပခဲ့တာ အခုဆို(၂၁)ကြိမ်မြောက်ပြီဖြစ်ပါတယ်။(၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကြီးကို ဇွန်လ(၂၅)ရက်မှ ဇူလိုင်လ(၆)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပသွားမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို အာဆီယံဒေသတစ်ဝှမ်းက အားကစားသမားတွခေါ်ယူကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံမှလည်း ပိုက်ကျော်ခြင်းအားကစားကိုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများအနေနဲ့လည်း ဇွန်လဆန်းထဲက သုဝဏ္ဏပိုက်ကျော်ခြင်းအားကစားရုံမှာ လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။
ယှဉ်ပြိုင်ကြမယ့်အားကစားသမားတွေက အသက်(၂၇)နှစ်အောက် လက်ရွေးစင်လူငယ်အားကစားသမားတွေဖြစ်ပြီး ၂ယောက်တွဲ၊ ၃ယောက်တွဲ၊ ၄ယောက်တဲ့စတဲ့ ကစားနည်းတွေနဲ့ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။