ရႈံးပြဲမရွိစံခ်ိန္အား ဆက္ထိန္းထားတဲ့ နည္းျပအလြန္ဆိုရဲ့ ေလဗာကူဆင္အသင္း

(အားကစား) ေမ ၁၄

ယမန္ေန႔က ကစားခဲ့တဲ့ ဘိုခ်န္အသင္းနဲ႔ပြဲစဥ္မွာ နည္းျပအလြန္ဆိုရဲ့ ေလဗာကူဆင္အသင္းက (၅)ဂိုးျပတ္နဲ႔ အနိုင္ရခဲ့တာေၾကာင့္ ၿပိဳင္ပြဲစုံ ပြဲေပါင္း(၅၀)ဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ကို ဆက္ထိန္းနိုင္ခဲ့ပါတယ္။

ဘိုခ်န္အသင္းဟာ ပြဲခ်ိန္ (၁၅)မိနစ္မွာတင္ တစ္ေယာက္ထုတ္ခံခဲ့ရတာေၾကာင့္ ေလဗာကူဆင္အသင္းအတြက္ ကစားရ ပိုမိုလြယ္ကူခဲ့ၿပီး ဂိုးျပတ္နိုင္ပြဲကို ဖန္တီးနိုင္ခဲ့တာပါ။ ဒီပြဲစဥ္က ဘင္ဖီကာအသင္းရဲ့ (၄၈)ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ကို ျဖတ္ေက်ာ္နိုင္ခဲ့ၿပီး ေနာက္ပိုင္း စံခ်ိန္သစ္တင္နိုင္ခဲ့တဲ့ ဒုတိယေျမာက္ပြဲစဥ္လည္း ျဖစ္လာခဲ့ပါတယ္။

နည္းျပအလြန္ဆိုကိုင္တြယ္ေနတဲ့ ေလဗာကူဆင္အသင္းဟာ အခုေဘာလုံးရာသီမွာ အသင္းသမိုင္းတစ္ေလၽွာက္ ပထမဆုံး ဘြန္ဒက္လီဂါဖလားကို ရယူခဲ့သလို ဂ်ာမန္ပိုကယ္ဖလားနဲ႔ ယူရိုပါလိဂ္ဖလားတို႔ကိုလည္း ဆြတ္ခူးနိုင္လိမ့္မယ္လို႔ ေရပန္းစားေနေၾကာင္းသိရပါတယ္။

==========

ရှုံးပွဲမရှိစံချိန်အား ဆက်ထိန်းထားတဲ့ နည်းပြအလွန်ဆိုရဲ့ လေဗာကူဆင်အသင်း

(အားကစား) မေ ၁၄

ယမန်နေ့က ကစားခဲ့တဲ့ ဘိုချန်အသင်းနဲ့ပွဲစဉ်မှာ နည်းပြအလွန်ဆိုရဲ့ လေဗာကူဆင်အသင်းက (၅)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံ ပွဲပေါင်း(၅၀)ဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ဘိုချန်အသင်းဟာ ပွဲချိန် (၁၅)မိနစ်မှာတင် တစ်ယောက်ထုတ်ခံခဲ့ရတာကြောင့် လေဗာကူဆင်အသင်းအတွက် ကစားရ ပိုမိုလွယ်ကူခဲ့ပြီး ဂိုးပြတ်နိုင်ပွဲကို ဖန်တီးနိုင်ခဲ့တာပါ။ ဒီပွဲစဉ်က ဘင်ဖီကာအသင်းရဲ့ (၄၈)ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး နောက်ပိုင်း စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဒုတိယမြောက်ပွဲစဉ်လည်း ဖြစ်လာခဲ့ပါတယ်။

နည်းပြအလွန်ဆိုကိုင်တွယ်နေတဲ့ လေဗာကူဆင်အသင်းဟာ အခုဘောလုံးရာသီမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဘွန်ဒက်လီဂါဖလားကို ရယူခဲ့သလို ဂျာမန်ပိုကယ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်လိမ့်မယ်လို့ ရေပန်းစားနေကြောင်းသိရပါတယ်။