အျငင္းပြားဖြယ္ ဒိုင္အမွတ္ျဖင့္ ရႈံးနိမ့္သြားတဲ့ ဘေရာ္နီကာ
ေဖေဖာ္ဝါရီ ၂၆
ကယန္းလက္ေဝွ႕မယ္ ဘေရာ္နီကာဟာ မေန႔ညက ထိုးသတ္ခဲ့တဲ့ ထိုင္းေမြထိုင္းလက္ေဝွ႕မယ္ႏွင့္ပြဲစဥ္တြင္ အျငင္းပြားဖြယ္ ဒိုင္အမွတ္ျဖင့္ ရႈံးနိမ့္ခဲ့ေၾကာင္း သိရပါတယ္။
အဆိုပါပြဲစဥ္တြင္ ဘေရာ္နီကာက သုံးခ်ီလုံး လက္ရည္အသာစီးထိုးသတ္ကစားနိုင္ခဲ့ေသာ္လည္း သုံးခ်ီျပည့္သည္အထိ အနိုင္အရႈံးမေပၚသည့္အတြက္ ဒိုင္အဆုံးအျဖတ္ခံယူရာ ထိုင္းေမြထိုင္းလက္ေဝွ႕မယ္က အျငင္းပြားဖြယ္ ဒိုင္အမွတ္ျဖင့္အနိုင္ရခဲ့ပါတယ္။
“အားလုံးေတာင္းပန္ပါတယ္။ ဒီတစ္ပြဲအရမ္းပင္ပန္းခဲ့တယ္။ နိုင္ပြဲဆက္လက္မထိန္းသိမ္းနိုင္တဲ့အတြက္ တကယ္စိတ္မေကာင္းပါဘူး”ဟု ဘေရာ္နီကာက ပြဲစဥ္အၿပီးတြင္ သူမ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားပါတယ္။
ဘေရာ္နီကာဟာ(၂) ႏွစ္ဆက္တိုက္ အမ်ိဳးသမီး Thai Fight ခ်န္ပီယံျဖစ္ၿပီး (၁၇) ပြဲဆက္အနိုင္ယူထားနိုင္သည့္ ၿပိဳင္ဘက္ကင္းလက္ေဝွ႕မယ္ တစ္ဦးျဖစ္ကာ အဆိုပါရႈံးပြဲေၾကာင့္ နိုင္ပြဲဆက္ေနမႈလည္း ရပ္တန႔္သြားခဲ့ရပါတယ္။
ဘေရာ္နီကာက One Championship ႏွင့္ လက္တြဲေတာ့မည္ဟု သတင္းထြက္ေပၚေနခ်ိန္တြင္ ထိုင္းေမြထိုင္းဘက္မွ ယခုကဲ့သို႔ အျငင္းပြားဖြယ္ရလဒ္ေၾကာင့္ ေမးခြန္းထုတ္စရာလည္းျဖစ္လာခဲ့ပါတယ္။
===========
အငြင်းပွားဖွယ် ဒိုင်အမှတ်ဖြင့် ရှုံးနိမ့်သွားတဲ့ ဘရော်နီကာ
ဖေဖော်ဝါရီ ၂၆
ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ မနေ့ညက ထိုးသတ်ခဲ့တဲ့ ထိုင်းမွေထိုင်းလက်ဝှေ့မယ်နှင့်ပွဲစဉ်တွင် အငြင်းပွားဖွယ် ဒိုင်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါပွဲစဉ်တွင် ဘရော်နီကာက သုံးချီလုံး လက်ရည်အသာစီးထိုးသတ်ကစားနိုင်ခဲ့သော်လည်း သုံးချီပြည့်သည်အထိ အနိုင်အရှုံးမပေါ်သည့်အတွက် ဒိုင်အဆုံးအဖြတ်ခံယူရာ ထိုင်းမွေထိုင်းလက်ဝှေ့မယ်က အငြင်းပွားဖွယ် ဒိုင်အမှတ်ဖြင့်အနိုင်ရခဲ့ပါတယ်။
“အားလုံးတောင်းပန်ပါတယ်။ ဒီတစ်ပွဲအရမ်းပင်ပန်းခဲ့တယ်။ နိုင်ပွဲဆက်လက်မထိန်းသိမ်းနိုင်တဲ့အတွက် တကယ်စိတ်မကောင်းပါဘူး”ဟု ဘရော်နီကာက ပွဲစဉ်အပြီးတွင် သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပါတယ်။
ဘရော်နီကာဟာ(၂) နှစ်ဆက်တိုက် အမျိုးသမီး Thai Fight ချန်ပီယံဖြစ်ပြီး (၁၇) ပွဲဆက်အနိုင်ယူထားနိုင်သည့် ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးဖြစ်ကာ အဆိုပါရှုံးပွဲကြောင့် နိုင်ပွဲဆက်နေမှုလည်း ရပ်တန့်သွားခဲ့ရပါတယ်။
ဘရော်နီကာက One Championship နှင့် လက်တွဲတော့မည်ဟု သတင်းထွက်ပေါ်နေချိန်တွင် ထိုင်းမွေထိုင်းဘက်မှ ယခုကဲ့သို့ အငြင်းပွားဖွယ်ရလဒ်ကြောင့် မေးခွန်းထုတ်စရာလည်းဖြစ်လာခဲ့ပါတယ်။