အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရပ်မိ/ရပ်ဖများ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့်တွေ့ဆုံ

ယနေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဘုန်းတော်နိုင်ငံကျေးရွာတွင် ရပ်မိ၊ရပ်ဖများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်း ဒေသကြီးပါတီကော်မတီဝင် ဦးသိန်းထွန်းဦး၊ ဒေါ်ဝါဝါလှိုင်၊ အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်အောင်ထက်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်ခိုင်စိုး၊ မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများတက်ရောက်ခဲ့ကြပြီး နိူင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသော နိူင်ငံရေး အခြေအနေများ၊ လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းတို့အား ပါတီတာဝန်ရှိ သူများမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှဒေသအခြေအနေများအား ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြပါသည်။