ညောင်ဦးမြို့နယ် သစ်ထောင် (မ) ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ လူငယ်များ သန့်ရှင်းရေး လုပ်အားပေး

 

ညောင်ဦး စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် သစ်ထောင် (မ) ကျေးရွာပြည်ခိုင် ဖြိုးပါတီလူငယ် များသည် ယမန်နေ့ နံနက်ပိုင်း ၇ နာရီတွင် စတင်ခဲ့ပြီး ညောင်ဦး-မြင်းခြံလမ်းနှင့် ချိတ်ဆက်ထားသော ကျေးရွာလမ်းကို လည်းကောင်း၊ ညောင်ဦး-ပခုက္ကူ- မြင်းခြံလမ်းမဘေးရှိ ချုံနွယ်ပိတ် ပေါင်းများကို လည်းကောင်း ရှင်းလင်းလုပ်အားပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းရှင်းလင်းဆောင်ရွက်ရာတွင် လက်ပန်ခြေပေါ် နယ်မြေတာဝန်ခံ ညောင်ဦးမြို့နယ်ပါတီ ကော်မတီဝင် ဦးလှမြင့်၊ ကျေးရွာစည်းရုံးရေးမှူး ဦးရွှေဝင်းတို့ ခေါင်းဆောင်၍ ကျေးရွာပါတီလူငယ်လေးများက လမ်းခရီးသွားများ အဆင်ပြေစေရန် ရှင်းလင်းပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ရှင်းလင်းနေစဉ် လူငယ် လေးတစ်ဦးက ”ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း သွားနေကျလမ်းပါ။ ဒီလမ်းမှာ လမ်းသွားလမ်းလာများအပေါ် ချုံနွယ်ပိတ်ပေါင်းများက အုပ်မိုးနေလို့ ရှင်းလင်းပေးတာပါ။ ဆိုင်ကယ်များ၊ ကားများ သွားတဲ့အခါ နဘူးချုံ နဘူးကိုင်းများက မျက်နှာနဲ့ ထိခိုက်မှုဖြစ်နေလို့ ရှင်း လင်းဆောင်ရွက်တာဖြစ်ပါတယ်” ဟု လူငယ်လေးတစ်ဦးက ပြောပြ ခဲ့သည်။ကျော်ဌေး(ညောင်ဦး)