န၀မအကြိမ်မြောက်၊ ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ၊ ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲကြီး စာအောင် သံဃာတော် များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ကျင်းပ
မတ် ၁၅၊ ပျော်ဘွယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယမန်နေ့ ပျော်ဘွယ်မြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည့် န၀မအကြိမ်မြောက်၊ ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ၊ ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲကြီး စာအောင် သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားအား တက်ရောက်ခဲ့သည်။ ထို့ပြင် မြို့နယ်လုံးဆိုင်ရာ သံဃာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က သာသနိယသြ၀ါဒ ချီးမြှင့်ပေးခြင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပျော်ဘွယ် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲ အထူးအောင် သံဃာတော် ၁၀ ပါး နှင့် စာမေးပွဲအောင်မြင်ခဲ့သည့် သံဃာတော် ၃၁ ပါး စုစုပေါင်း သံဃာတော် ၄၁ ပါး တို့အား ဂုဏ်ပြုဆုလက်မှတ်များ ကပ်လှူဒါန်းခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲ၊ စာအောင်သံဃာတော်များ ဂုဏ်ပြုပွဲ အခမ်းအနားကို ၉ ကြိမ်မြောက်ကျင်းပတာဖြစ်ကြောင်း သိရသည်။