ခွဲထွက်ရန်ရည်ရွယ်သော လှုပ်ရှားမှုများတိုးပွားလာ၍ ပါပူအာဒေသတွင်လုံခြုံရေးတိုးမြှင့်ရန်အင်ဒိုနီးရှားပြင်ဆင်

အင်ဒိုနီးရှားအစိုးရသည် ခွဲထွက်ရန်ရည် ရွယ်သော လှုပ်ရှားမှုများ တိုးပွားလာခြင်းကြောင့် ပါပူအာဒေသတွင် လုံခြုံရေးတိုးမြှင့်မှုများပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်။ အရှေ့ဂျာဗားရှိ ဆူရာဘာရာမြို့တွင် ပါပူအာဒေသခံ ကျောင်းသားတစ်ဦးအား အင်ဒိုနီးရှား နိုင်ငံတော်အလံကို အရိုအသေမဲ့ ရာရောက်သော အပြုအမူပြုလုပ်သည်ဟု စွပ်စွဲကာ အရေးယူမှုပြုလုပ်ရန် စီစဉ်သည့် ဖြစ်စဉ် ဖြစ်ပေါ်လာပြီးနောက်တွင် ပါပူအာ ဒေသ၌ အဆိုပါဖြစ်စဉ်အား ဆန္ဒပြသည့်လှုပ် ရှားမှုများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများသည် ပါပူအာဒေသအတွင်းရှိ မြို့ကြီးများ၌ လမ်းများအား ပိတ်ဆို့ထားသည့်အပြင် အစိုးရရုံးများနှင့် လေဆိပ်ကိုထိခိုက်စေသည့် လုပ်ဆောင်ချက်များပါ လုပ်ဆောင်လာခဲ့သည်။ တည်ဆဲဥပဒေများကို ချိုးဖောက်သည့် ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းလျက်ရှိသည့် အပြင် ရဲတပ်ဖွဲ့ဝင်ရာဂဏန်းခန့်အား လုံခြုံရေးတိုးမြှင့်မှုများ ပြုလုပ်ရန်အတွက် ပါပူအာဒေသသို့ စေလွှတ်ခဲ့သည်။