ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းခြင်းလုပ်ငန်း အဆက်မပြတ် ဆောင်ရွက်
ပဲခူး ဇွန် ၂၃
ပဲခူးမြို့နယ် ပါတီဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှု၊ အတွင်းရေးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပါတီ ကော်မတီ ဝင်များနှင့် လူငယ်အဖွဲ့ဝင်များသည် ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေး အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ပြီး ခြင်ဆေးဖျန်းခြင်း လုပ်ငန်းအား စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက် ရှိသည်။
ဥဿာမြို့သစ် (၅) ရပ်ကွက် မြေတိုင်း (၁၅) တွင်ရှိသည့် စမ်းကြီးတောရပရိယတ္တိ စာသင်တိုက်၊ မြေတိုင်း (၁၉) ရှိ အမှတ် (၅) မူလ တန်းလွန်ကျောင်း၊ အမှတ် (၄) ရပ်ကွက်ရှိ အမှတ် (၄) အခြေခံ ပညာအလယ် တန်းကျောင်းခွဲ၊ အထက (၅)၊ ကွေ့တန်းရှည် ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ ဥဿာမြို့သစ် (၇) ရပ်ကွက်ရှိ မြို့ဦးကင်း အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ပန်းလှိုင်ရပ်ကွက်ရှိ စာသင်ကျောင်းတို့အား ယမန်နေ့ နံနက်ပိုင်းတွင် လိုက်လံ၍ ခြင်ဆေးများ ဖျန်းပေးခဲ့ကြောင်း သိရသည်။တင်စိုး(ပဲခူး)