တိုင်းပါတီအတွင်းရေးမှူး မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံ
ဆားလင်းကြီး မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦးသည် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ဆားလင်းကြီးမြို့နယ် ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ယင်းမာပင်ခရိုင် ပါတီအတွင်းရေးမှူး ဦးမြင့်စိုးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးစည်းမှူးများ တက်ရောက်ကြပြီး ရှေ့လုပ်ငန်းစဉ်များအား အကျေအလည် ဆွေးနွေးကာ အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် ကျင်းပပြီးစီး ခဲ့သည်။ မောင်မောင်ဝင်း