ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ aကျးရွာအုပ်စုပါတီ ဆိုင်းဘုတ်တင်ပွဲနှင့်ရေနွေးကြမ်းစကားဝိုင်းပြုလုပ်

 

ကလေးဝ၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာအုပ်စု ပါတီအခြေစိုက်စခန်းအတွင်း ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီက ပါတီဆိုင်းဘုတ်ကို အမွှေး နံ့သာရည်များပက်ဖျန်းကာ ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌဦးတင်ထွန်းလွင်နှင့်မြို့နယ် ပါတီကော်မတီဝင်များ လူငယ်ရေးရာ လှုပ်ရှားမှုအဖွဲ့များ ၊ သစ်ချောက်ကျေးရွာ ရပ်ကျေးပါတီဥက္ကဠနှင့် အဖွဲ့ဝင်များ တက် ရောက်ခဲ့သည်။ ယင်းနောက်ဆက်လက်ပြီး အခြေစိုက်စခန်းတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်ပါတ်သက်ပြီး ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ခဲ့ကြပါသည်။

သော်ဇင်မင်း