အူစိန်ဘော့တင်ထားသည့် မီတာ ၂၀၀ စံချိန်ကို ချိုးဖျက်ရန် နိုအာလိုင်လက်စ် ပစ်မှတ်ထား
အမေရိကန် တာတိုအပြေးသမား နိုအာလိုင်လက်စ်ဟာ အူစိန်ဘော့တင်ထားခဲ့တဲ့ မီတာ ၂၀၀ စံချိန်ကို ချိုးဖျက်ဖို့ ပစ်မှတ်ထားနေပြီး လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ မီတာ ၂၀၀ ပွဲစဉ်ကိုပဲ ပစ်မှတ်ထား ယှဉ်ပြိုင်တော့မယ်လို့ သိရပါတယ်။
ဒိုဟာမြို့မှာကျင်းပမယ့် အဲ့ဒီပြိုင်ပွဲဟာ သူ့အတွက် ကမ္ဘာ့ချန်ပီယံရှစ်ပွဲ ဖြစ်လာမှာဖြစ်ပြီး စံချိန်သစ်တွေနဲ့ ဆုတံဆိပ်ရရှိဖို့ ရည်မှန်းနေတာလည်း ဖြစ်ပါတယ်။
လိုင်လက်စ်ရဲ့ ပြောကြားချက်အရ ဘယ်အရာမဆို နောက်ထပ် ဖြစ်ပေါ်လာနိုင်ပြီး တစုံတယောက်က စံချိန်တွေ ထပ်ချိုးနိုင်မှာဖြစ်ကြောင်း၊ ဒါ့ကြောင့် အခုလိုနေရာကို သူ့အနေနဲ့ ရောက်ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန် ပြေးခုန်ပစ်အဖွဲ့အတွက် အမြန်ဆုံး အပြေးသမားတွေဖြစ်တဲ့ ခရစ္စတီယန်ကိုးလ်မန်း၊ ရွန်နီဘေကာတို့ ရှိနေသေးပေမယ့် အသက် ၂၁ နှစ် အရွယ် အပြေးသမားကတော့ အူစိန်ဘော့ရဲ့ မီတာ ၁၀၀ နဲ့ ၂၀၀ စံချိန်တွေကို ချိုးဖျက်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
-Ref:Skynetsports