လယ်သမားများ၏ အကြွေးများကို ဘောလိဝုဒ်နာမည်ကျော်မင်းသား စိုက်ဆပ်ပေးဟုဆို

ဘောလိဝုဒ်မင်းသားများထဲတွင် အအောင်မြင်ဆုံး မင်းသားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော အမီတာဘာချန် သည် အိန္ဒိယလယ်သမားများ ပေးဆပ်ရမည့် ကြွေးမြီများအား စိုက်ဆပ်ပေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အမီတာဘာချန်သည် ၂၀၀၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံအတွင်း၌ မိုးခေါင်းမှုများ ဖြစ်ပွား လာခြင်းကြောင့် ပေးဆပ်ရမည့်ကြွေးမြီများကို ပေးဆပ်နိုင်ခြင်းမရှိသည့် လယ်သမား ဦးရေ တိုးပွား လာခြင်းကို သတိပြုမိခဲ့ပြီးနောက်တွင် ကိုယ်ပိုင်ငွေများဖြင့် ကြွေးမြီများအား ပေးဆပ်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်အရ အမီတာဘာချန် သည် လယ်သမား ၁၄၀၀ ပေးဆပ်ရမည့် ကြွေးမြီများအား စိုက်၍ အကျေဆပ်ပေးခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ထို့အပြင် အမီတာဘာချန် စိုက်ဆပ်ပေးခဲ့သည့် လယ်သမားများ၏ ကြွေးမြီပမာဏမှာ အမေရိကန်ဒေါ်လာ တစ်သန်းနီးပါး ရှိကြောင်းလည်း အတည်ပြုထားသည်။ အမီတာဘာချန်သည် လယ်သမားများ ကြွေးမြီနွံအတွင်း နစ်နေသည်ကို ဖြေရှင်းရန်အတွက် ဖောင်ဒေးရှင်းတစ်ရပ် ထူထောင်လှုပ်ရှားမည်ဟုလည်း သိရသည်။

-Ref: Reuters