ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ တနင်္သာရီမြို့နယ်ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

တနင်္သာရီ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင် တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှကြီးမှူး၍ ယမန်နေ့နံနက် ၉ နာရီ ၄၅မိနစ်က ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို တနင်္သာရီမြို့-မြတ်ပန်းတော်ဝင်ဟိုတယ်ခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ သဘာပတိ မြို့နယ်ပြည်ခိုင်ဖြိုးအမျိုးသမီး ရေးရာကော်မတီဝင် ဒေါ်ဌေးဌေး ဝင်းနှင့်အဖွဲ့မှနေရာယူ၍ အခမ်း အနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ကာ သဘာပတိက အဖွင့်အမှာစကားပြောကြားပေးသည်။

ထို့နောက် မြိတ်ခရိုင်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းဆွေက နှုတ် ခွန်းဆက်စကားပြောကြားပြီး မြို့ နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဝင်းမြင့်သန်းက ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲကျင်းပမည့်အစီအစဉ်များကို ရှင်း လင်းပြောကြားပြီး အခမ်းအနား ပထမပိုင်းပြီးစီးခဲ့သည်။

ယင်းနောက်ရပ်ကွက်/ ကျေး ရွာများအလိုက် အမျိုးသမီးများ အစုအဖွဲ့ ဖွဲ့စည်းပြီးစာတမ်းဖတ် ကြားတင်ပြမည့်ကိုယ်စားလှယ် များရွေးချယ်ခြင်းကိုဒုတိယပိုင်းအစီ အစဉ်အရ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားတတိယပိုင်း၌ သဘာပတိအဖွဲ့က ပြန်လည်နေရာ ယူပြီးနောက် အစုအဖွဲ့အလိုက် လေးဖွဲ့တို့မှ မြန်မာအမျိုးသမီးများ နှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေးစာတမ်း၊ မြန်မာအမျိုး သမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်း ချမ်းသာယာမှုနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးစာတမ်း၊ အမျိုးသမီးထုအတွင်းအမျိုးဂုဏ် ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုး သမီးများ၏အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် အညီ အကောင်အထည်ဖော် ဆောင်ရေးစာတမ်း၊ အမျိုးသမီး ပါတီဝင်အသစ်များစုဆောင်းရေး နှင့် ၂ဝ၂ဝပြည့်နှစ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင် အမျိုးသမီးများအား စဉ်ဆက် မပြတ်လေ့ကျင့်ပျိုးထောင်ပေးရေး စာတမ်းစသဖြင့် စာတမ်းများကို ရပ်ကွက်/ကျေးရွာအမျိုးသမီးအစု အဖွဲ့အလိုက်ဆွေးနွေးကြပြီးနောက် အစုအဖွဲ့တာဝန်ခံများက စာတမ်း ကိုအသီးသီးဖတ်ကြားတင်သွင်းခဲ့ ကြသည်။

အခမ်းအနားကိုပြည်ခိုင်ဖြိုးဟေ့ တေးသီချင်းသံပြိုင်သီဆို၍ မွန်းလွဲ ၂နာရီတွင် အောင်မြင်စွာရုပ်သိမ်း ခဲ့ကြောင်းသိရသည်။
ယင်းအခမ်းအနားသို့ မြိတ် ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးကော်မတီဝင်များ၊ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးထင်ပေါ်နှင့်အမှုဆောင်များ၊ စည်းရုံးရေးမှူးများ၊ အမျိုးသမီး ရေးရာတာဝန်ခံနှင့်အဖွဲ့ဝင်များ၊ လူငယ်ရေးရာကော်မတီဝင်များ နှင့် ပါတီဝန်းရံသည့်ပါတီဝင်ထု များအင်အား ၃ဝဝကျော်တက် ရောက်ခဲ့ကြသည်။

နန်းသာရီ-ထိန်ဝင်း