ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု ဇလွန်တွင် ပါတီဝင်အဆိုပြုလွှာများစုပေါင်းပေးအပ်

 

ဇလွန် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပါတီဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ဒေါင့်ကြီး တိုက်နယ် ဒေါင့်ကြီးကျေးရွာအုပ်စပြည်လုံးချမ်းသာတန်ဆောင်းကြီးတွင် ယမန်နေ့ နံနက်ကကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော် မတီဝင် ဦးလှခိုင်၊ ကော်မတီဝင် ဒေါက်တာထိန်ဝင်း၊ ဟင်္သာတ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်တင်မြင့်၊ ဇလွန် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်၊ ကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်လင်းလင်းခိုင်တို့က ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် ပါတီဝင်အဆို ပြုလွှာ ၆ဝဝ အား ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ကော်မတီဝင် ဒေါ်လင်း လင်းခိုင်အား စုပေါင်းပေးအပ်ကာ ဒေါင့်ကြီးကျေးရွာအုပ်စု ဦးစိန် ထွန်းနေအိမ်တွင် တိုက်နယ်အမျိုး သမီးရေးရာအဖွဲ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ငွေသန်း(ဇလွန်)