စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီး နှောဖလှယ်ပွဲကျင်းပ
စဥ့်ကူးမြို့၊ မြို့နယ်ပါတီရုံးခန်းမတွင် ဗဟိုအမျိုးသမီညီလာခံအကြို စဥ့်ကူးမြို့နယ်၊အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါ တီအတွင်းရေးမှူး ဦးအောင်ကျော်မိုး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
အခမ်းအနားအား အစီအစဉ် (၃) ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားအားနိုင်ငံတော်အလံအား အလေးပြု၍နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြား၍ ဟသာင်္မကျေးရွာမှ ပါတီဝင် ဒေါ်သူဇာမြင့် ဗဟိုအမျိုးသမီးညီလာခံအကြို စဥ့်ကူးမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ်ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့သည်။
အစီအစဉ်အရ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့များ ဖွဲ့စည်း၍ အစုအဖွဲ့များအနေဖြင့် နှီးနှောဖလှယ်ပွဲတွင် တင်သွင်မည့်စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်း(၄) စောင်အား တင်သွင်းနိုင်ရန်အတွက် မှတ်တမ်းတင်ခြင်းအား ဒုတိယပိုင်းအစီအစဉ်တွင်
ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ အစီအစဉ်တတိယပိုင်းကို ကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူပြီးနောက် နှီးနှောဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက် မှတ်တမ်းတင်ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့်မြန်မာ့နိုင်ငံရေးအခန်းကဏ္ဏ မြှင့်တင်ရေး စာတမ်းကို စဥ့်ကူးမြို့နယ်၊ ကြို့ပင်ကျးရွာမှ မှ ပါတီဝင်ဒေါ်ခင်သီတာထွန်းက လည်းကောင်း ၊မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကို မင်းကျေးရွာမှ ပါတီဝင်ဒေါ်ရွှေရည်ဝင်းက လည်းကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းရေးအမျိုးသမီးများ၏ အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရေးစာတမ်းကို နတ်တောင်ကျေးရွာမှ ဒေါ်လဲ့လဲ့ခိုင်က လည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေးစာတမ်းကို စဥ့်ကူးမြို့၊ အမှတ်(၂) ရပ်ကွက်မှ ဒေါ်ရည်မွန်မြင့်က လည်းကောင်း ဖတ်ကြားတင်သွင်းခဲ့သည်။
ထို့နောက် စဥ့်ကူးမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များအား ထုတ်ပြန်ခဲ့ကာ သဘာပတိမှ ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းများအား မှတ်တမ်းတင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်မျာအား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် စဥ့်ကူးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား ပြည်ခိုင်ဖြိုးဟေ့တေးသီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများ အပါအဝင် စုစုပေါင်းအင်အား (၁၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သုတ