ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ချိကယ် ထေးသမရပ်ကွက်တွင် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံခြင်း
လွိုင်ကော် – သြဂုတ် ၃၀
(၃၀-၈-၂၀၁၈) ရက်နေ့ ညနေ (၅း၀၀) နာရီမှ (၇း၀၀) နာရီအချိန်အထိ အချိန်ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်မြို့နယ် ချိကယ်ထေးသမရပ်ကွက် အမှတ်-၆၅ ဒေါ်ထီးမြာ နေအိမ်တွင် ပါတီဝင်များနှင့် သွားရောက် တွေ့ဆုံပါသည်။
ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ(ဗဟိုအလုပ်အမှု ဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြား သွားပါသည်။
ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးဌေးရယ် ဦးတင်ဦးနှင့် ဦးကျော်သင်း (လွိုင်ကော်မြို့နယ်တာဝန်ခံ) လွိုင်ကော်မြို့နယ် ပါတီဥက္ကဌ ဦးမောင်ရွှေတို့က လက်ရှိနိုင်ငံရေး ဖြစ်စဉ်များ နိုင်ငံရေး စီးပွါးရေး လူမှုရေးအခြေအနေ များအား ရှင်းလင်းဆွေးနွေး သွားပြီး တက်ရောက်လာကြသော ပါတီဝင်များမှ အသီးသီးထပ်မံ ဆွေးနွေး ပြောကြား သွားပါသည်။
ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူမှ နိဂုံးချုပ်အမှာ စကားပြော ကြား သွားပါသည်။
၎င်းတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ် အမှုဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူ၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင် လွိုင်ကော် မြို့နယ်တာဝန်ခံ ဦးတင်ဦးနှင့် ဦးကျော်သင်း၊ ပြည်နယ်ကော်မတီဝင်ဒေါ်ဗျားမြာမောင်၊ လွိုင်ကော်ခရိုင် ကော်မတီဝင် ဦးစူးရယ်၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေနှင့် မြို့နယ်ကော်မတီဝင်များ ၊ရပ်ကျေး ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ထေးသမရပ်ကွက်ရှိ ပါတီဝင်များ စုစုပေါင်းအင်အား (၁၂၀) တက်ရောက်ကြောင်း သတင်းရရှိသည်။
ထာဝရ မြေချစ်သူ