ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး မိုးကုတ်မြို့နယ် ပါတီလုပ်ငန်းအစည်းအဝေး တက်ရောက်ဆွေးနွေး
မိုးကုတ်၊ သြဂုတ် ၁၉
ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့်အဖွဲ့သည် ယမနနေ့နံနက် ၉ နာရီတွင် မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
တိုင်းအတွင်းရေးမှူး ဦးအောင်ကျော်မိုးက တိုင်းဒေသကြီးအတွင်း ပါတီ၏ ဆောင်ရွက်ချက်များ ဆွေးနွေးပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ဆွေးနွေးခဲ့သည်။ တိုင်းဒေသကြီးပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးတင့်လွင်ဦးနှင့် ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်တို့က ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများအား အကျယ်တဝင့် ရှင်းပြခဲ့သည်။
အစည်းအဝေးသို့ စုစုပေါင်း ၅ဝ တက်ရောက်ပြီး တက်ရောက် လာကြသော နာယကများ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ မြို့နယ်ကော်မတီ ဝင်များက ပြန်လည်ဆွေးနွေးကြပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးကြောင်းသိရသည်။
မြသောင်းဂျက်ဇ်(မိုးကုတ်)