OPPO F9 Pro ကို သြဂုတ် ၂၁ တွင် မိတ်ဆက်မည်

OPPO ဟာ F9 Pro ကို သြဂုတ် ၂၁ ရက်မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီအချက်အလက်ဟာ OPPO ရဲ့ ဝက်ဘ်ဆိုက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ F9 Pro ရဲ့ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်မယ့် အဓိက feature က selfie ကင်မရာ ဖြစ်နိုင်ပြီး 25MP f/2.0 sensor ပါဝင်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလွန် လျင်မြန်တဲ့ VOOC Flash Charge အားသွင်း စနစ် ပါဝင်ပြီး ၅ မိနစ်အားသွင်းရုံနဲ့ ၂ နာရီကြာ ဖုန်းပြောနိုင်မယ်လို့ OPPO က ပြောကြားထားပါတယ်။

F9 Pro နဲ့ F9 တို့ကြားမှာ ဘာတွေကွာခြားမလဲဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။ ဒါပေမဲ့ chipset နဲ့ ကင်မရာတွေပဲ ကွာခြားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ OPPO F9 မှာတော့ ၆.၃ လက်မ display နဲ့ selfie ကင်မရာအတွက် ရေစက်ပုံစံ notch တစ်ခုပါဝင်လာမှာဖြစ်ပါတယ်။ ကျောဘက်ကင်မရာက 16MP + 2MP ဖြစ်ပြီး ဘက်ထရီက 3,500mAh ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSMArena