ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီတွင်တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်

 

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်း ဘဏ္ဍာရေးမှူးဦးစိုင်းခမ်းကော် ပြည်နယ်ကော်မတီဝင်ဦးခင်မောင်ချိုတို့ပါဝင်သောပြည်နယ်အဖွဲ့သည်ကျောက်မဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ၂၀၁၈ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်ကကျောက်မဲမြို့နယ်ပါတီတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်းမှအဖွင့်အမှာစကားပြောကြားခဲ့သည် ။

ဆက်လက်၍ပြည်နယ်လူငယ်ရေးရာတာဝန်ခံဦးစိုင်းခမ်းကော်မှပါတီလူငယ်ရေးရာကိစ္စရပ်များ မီဒီယာကိစ္စရပ်များကို ဆွေးနွေး ကျင်းပပြုလုပ်ခဲ့ပြီး ၂၅- ၂ – ၂၀၁၈ ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်သည့် နိုင်ငံရေးပါတီ ( ၂၁ ) ပါတီတွေ့ဆုံပွဲမှကောက်နုတ်ချက် ၇ ချက်ကိုဖတ်ကြားခဲ့သည် ။

၎င်းနောက်ပြည်နယ်ကော်မတီဝင်ဦးခင်မောင်ချိုမှလက်ရှိနိုင်ငံရေးအနေအထားများကိုပြောကြားခဲ့ပြီးတက်ရောက်လာသူမြို့နယ်ကော်မတီဝင်များနှင့်ရပ်ကျေးစည်းရုံးရေးမှူးမှအသီးသီးဆွေးနွေးခဲ့ကြားခဲ့သည် ။ ၎င်းနောက်ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်းမှနိဂုံးချုပ်စကားပြောကြားကာတွေ့ဆုံပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့သည် ။

အခမ်းအနားသို့ကျောက်မဲခရိုင်ကော်မတီဝင်ဦးတိုးအောင် မြို့နယ်နာယကများဖြစ်သောဦးအောင်သိန်းဦးစံရ မြို့နယ်ဥက္ကဋ္ဌဦးခင်ဇာမောင် အတွင်းရေးမှူးဦးကျော်ကျော်ဦးနှင့်မြို့နယ်ကော်မတီဝင်များ ရပ်/ကျေးစည်းမှူးများစုစုပေါင်း ၇၀ ဦးခန့်တက်ရောက်ခဲ့ကြသည် ။

မင်္ဂလာထွန်း ( ကျောက်မဲ )