လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေါပေါ်ကလဲကျေးရွာအုပ်စု ပါတီဝင်နှင့်တွေ့ဆုံပွဲ
လွိုင်ကော်မြို့၊ ဖေဖော်ဝါရီ၂၃
ယနေ့ (၂၃ -၂ – ၂၀၁၈) ရက်နေ့ နံနက် (၁၀း ၃၀) နာရီအချိန် တွင် လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲရွာကြီး ကယားသဇင် ကိုယ့်အားကိုယ်ကိုးစာကြည့် တိုက်တွင် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံပါသည်။
ယင်းတွေ့ဆုံရာတွင် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့များက ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များ၊ ပါတီမူဝါဒများ၊ ပါတီဝင်များ သိသင့်သိအပ်သော အကြောင်းအရာများ၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အစရှိသောကိစ္စရပ်များအား အကျယ်တ၀င့် ဆွေးနွေးသွားပြီး ပါတီဝင်လက်ထဲသို့ ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေသောသတင်းစာများ၊ ဂျာနယ်များ ပေးအပ်ဝေငှသွားပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင် လွိုင်ကော်ခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးနှင့် ခရိုင်ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေ၊ အတွင်းရေးမှူး ဦးကူးရယ်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရုံးအဖွဲ့များ၊ ဒေါပေါ်ကလဲရွာကြီးနှင့် ရွာငယ်ကျေးရွာရှိပါတီဝင်များ၊ အမျိုးသမီးများနှင့် လူငယ်များ စုစုပေါင်းအင်အား (၅၀) ကျော် တက်ရောက်ကာ တွေ့ဆုံပွဲကို နေ့လည် (၁၂း၁၅) နာရီတွင် ပြီးစီးကြောင်း သိရှိရသည်။
Crd;