Car Black Box DVR

အိမ်သုံး၊ ရုံသုံး၊ ကမ္ပဏီလုပ်ငန်းသုံး ကားတွေမှာ တပ်ဆင်အသုံးပြုနိုင်မယ့် Car Black Box DVR ဖြစ်ပါတယ်။

လှုပ်ရှားမှုပုံရိပ်တွေကို အမြင့်ဆုံး 1080P full HD resolution အထိရိုက်ကူးပေးနိုင်ပါတယ်။ Camera lens အနေနဲ့ 170 wide lens ကို တပ်ဆင်ပေးထားတာကြောင့် တပ်ဆင်ထားတဲ့ ကားရှေ့ဝန်းကျင် တစ်ခုလုံး ပါအောင် ရိုက်ယူပေးနိုင်စွမ်းရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Record လုပ်တဲ့ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် Micro SD card ထည့်သွင်း အသုံးပြုရမှာဖြစ်ပြီး အမြင့်ဆုံး 32GB အထိ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Loop recording function ပါဝင်တာကြောင့် ရိုက်ကူးထားတဲ့ video တွေပြည့်သွားရင် အရှေ့ဆုံးမှ video ကိုဖျက်ပြီး အသစ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ Loop recording အသုံးပြုဖို့အတွက် Video ကြာချိန်ကို ၁ မိနစ်၊ ၃ မိနစ်၊ ၅ မိနစ် သတ်မှတ်ပေးထား နိုင်ပါတယ်။

Record လုပ်ထားတဲ့ video file တွေကို Computer, mobile phone တွေနဲ့ ပြန်ကြည့်နိုင်သလို ၃ လက်မအကျယ် LCD ပါဝင်တဲ့ camera မှာလည်း ပြန်လည်ကြည့်ရှု စစ်ဆေးနိုင်မှာလည်း ဖြစ်ပါတယ်။ တန်ဖိုးမှာ ၁၄,၈၀၀ ကျပ်ဖြစ်ပြီး F@X Engineering & Electronic ဖုန်း ၀၁- ၂၅၂၆၂၇ နဲ့ ၀၂- ၆၉၃၈၉ မှာ ဆက်သွယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

-ဝေဝေ