၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်း စည်းရုံး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် မြို့နယ်အောင်နိုင် ရေးကော်မတီသည် ယမန်နေ့ နံနက် ၈ နာရီမှစတင်ကာ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တစ်အိမ် တက်ဆင်းကွင်းဆင်းစည်းရုံးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါမဲဆွယ်စည်းရုံးခြင်းကို ပါတီဗဟိုကော်မတီဝင်ဦးတင်အောင်၊ ပါတီအရန်ဗဟိုကော်မတီဝင်ရန်ကုန် (အရှေ့ပိုင်း)ခရိုင် အတွင်းရေးမှူး ဒေါက်တာကျော်စိုးတို့လိုက်ပါလျက် မြို့နယ်ပါတီအောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင် ၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးနေလင်း၊ ရန်ကင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘချစ်၊ မြို့နယ်ကော်မတီဝင် များနှင့် ပါတီဝင်များ၊ နယ်မြေခံ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်းအင်အား ၆ဝဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁၃)ရပ်ကွက်အတွင်းရှိ ဒေသခံမိဘပြည်သူများထံ အဖွဲ့ လေးဖွဲ့ဖြန့်ခွဲ၍ ရွေးချယ်ခံမည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ် တော်ကိုယ်စားလှယ်လောင်းအား မိတ်ဆက်ခြင်း၊ လက်ကမ်းစာ စောင်များဖြန့်ဝေခြင်း၊ မိမိတို့ပါတီ ၏ ပြည်သူ့အပေါ်ထားရှိသည့် မူဝါဒ၊ သဘောထားများကို ရှင်း လင်းခဲ့ပြီး မွန်းလွဲ ၁ နာရီအထိ အောင်နိုင်ရေးအတွက် စည်းရုံး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယူဒီနေ