ယူကရိန်းအတွက် ရန်ပုံငွေသစ် တစ်ဘီလီယံခွဲကို ကမ္ဘာ့ဘဏ်အတည်ပြု

အစိုးရအဖွဲ့နဲ့လူမူရေးဝန်ထမ်းတွေရဲ့ လစာတွေပေးအပ်နိုင်ဖို့ ယူကရိန်းအတွက် နောက်ထပ်ကန်ဒေါ်လာ  ၁ ဒသမ ၄၉ ဘီလီယံကို ကမ္ဘာ့ဘဏ်ရဲ့အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုပေးခဲ့ပြီး စုစုပေါင်းအကူအညီ ကန်ဒေါ်လာ လေးဘီလီယံကျော်ရှိလာခဲ့ပါတယ်။

ဗြိတိန်၊ နယ်သာလန်၊ လစ်သူယေးနီးယားနဲ့ လတ်ဗီးယားတို့ထံမှ ဘဏ္ဏာရေးအာမခံချက်များရရှိခဲ့ပြီးနောက် ယူကရိန်းအတွက် အကူအညီကိုအတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်က ဖော်ပြခဲ့ပါတယ်။ အီတလီနဲ့ အခြားအလှူရှင်အများအပြားပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကလည်း အားပေး ထောက်ခံခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကပြောပါတယ်။

ယူကရိန်း၏ ဆီဗီရိုဒိုးနက်မြို့၌ တိုက်ပွဲများပြင်းထန်နေပြီး မြို့တော်ကိယက်ဗ်တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွား

ယူကရိန်း အရှေ့ပိုင်းရှိ မဟာဗျူဟာ အချက်အချာကျသော ဆီဗီရိုဒိုးနက်မြို့တွင် ယူ ကရိန်းတပ်ဖွဲ့ဝင် များက ရုရှားတပ်များကို အပြင်းအထန် ခုခံတွန်းလှန်နေစဉ် ဇွန် ၅ ရက်က ယူကရိန်းနိုင်ငံ၏မြို့တော် ကိယက်ဗ်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ဆီဗီရိုဒိုးနက်မြို့၏ လမ်းမများတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားတိုးတက်လာစေရေး ရက် ၈၀ စီမံချက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ချမှတ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက်  နိုင်ငံတစ်ဝန်းစီးပွားရေးမြှင့်တင်မှု စီမံချက်ကို  အကောင်အထည်ဖော်ပြီး  တိုးတက်မှုများကို  ဇန်နဝါရီလ တွင် ကျင်းပမည့်  ပါတီညီလာခံအမီ  မြင်တွေ့လိုသည်ဟု  ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာတွင် ဖော်ပြသည်။

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား စီမံကိန်းနှင့်  တာဝေးပစ် ဒုံးကျည်ထုတ်လုပ်ရေး အရှိန်မြှင့်တင် ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သဖြင့်    နိုင်ငံတကာမှ    စီးပွားရေးပိတ်ဆို့မှုများခံခဲ့ရကာ   နိုင်ငံ့ စီးပွားရေး ကျဆင်းလာသလို  ကိုဗစ်-၁၉   ရောဂါဖြစ်ပွားမှုနှင့်အတူ ရေကြီးရေလျှံမှုကြောင့်  စီးပွားရေးပိုမိုကျဆင်း လာသည့် အတွက် ယခုဆုံးဖြတ်ချက်ကို  ပါတီ အစည်းအဝေးအတွင်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

စီးပွားရေးကဏ္ဍအား ဦးစားပေးနေပြီဖြစ်၍ အရေးယူပိတ်ဆို့မှုများ လျှော့ချပေးရန် မြောက်ကိုရီးယားတောင်းဆို

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာကုလသမဂ္ဂအဖွဲ့၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ကင်မ်ဆောင်းက ကုလသမဂ္ဂအထွေထွေညီလာခံသို့ မိန့်ခွန်းပြောကြားခဲ့ရာတွင် မြောက်ကိုရီးယားနိုင်ငံသည် စစ်ရေးထက် စီးပွားရေးကို ဦးစား ပေးဆောင်ရွက်လျက်ရှိကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကုလသမဂ္ဂအဖွဲ့နှင့်နိုင်ငံတကာအသိုင်းအဝိုင်းမှ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးသင့်သည်ဟု တောင်းဆိုခဲ့သည်။ ကင်မ်ဆောင်းက ‘မြောက်ကိုရီးယားဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ တည်ဆေက် နိုင်ခဲ့ပြီဖြစ်လို့ စီးပွားရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ကပ်ရောဂါကို ထိန်းချုပ်နိုင်တဲ့အခြေအနေကိုပါ ပိုင်ဆိုင်ထားတာကြောင့် စီးပွားရေးကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒီလို ကြိုးပမ်းတဲ့နေရာမှာ ပိတ်ဆို့အရေးယူမှုတွေက အဟန့်အတားတွေ ဖြစ်နေလို့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှား ပေးဖို့ လိုအပ်ပါတယ်’ဟု ပြောကြားခဲ့သည်။  Ref;  CBS

နှစ်နှစ်အတွင်း အမေရိကန်သမ္မတ ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၇၅ဝ သာ ပေးဆောင်ဟုဆို

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်များအတွင်း ၌ ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၇၅ဝ သာပေးဆောင်ခဲ့သည်ဟု နယူးယောက် တိုင်းမ်သတင်းဌာနက ဖော်ပြသည်။

နယူးယောက်တိုင်းမ်သတင်းဌာနသည် ဒေါ်နယ်ထရန့်၏ ဝင်ငွေခွန်ပေးဆောင်မှုမှတ်တမ်းများကို လေ့လာပြီးနောက် ဒေါ်နယ် ထရန့်သည် အမေရိကန်သမ္မတရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂ဝ၁၆ ခုနှစ် မှ စတင်ကာ သမ္မတအဖြစ်သို့ ရောက်ရှိခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၇၅ဝ သာ ပေးဆောင်ခဲ့သည်ဟု တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အမေရိကန်၌ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ နှစ်သိန်းရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူ ၂၀၀,၀၀၀ ရှိပြီလို့ ဂျွန်စ် ဟော့ပကင်းစ် Johns Hopkins တက္ကသိုလ်က သတင်းထုတ်ပြန်ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးမှု မပြုခင်က ကိုဗစ်-၁၉ ကြောင့် ကနဦီးသေဆုံးမှုတွေကို တခြားအကြောင်းတွေ ကြောင့်လို့ မှတ်ယူခဲ့တာ ဖြစ်နိုင်တဲ့အတွက် လက်တွေ့မှာ ကိန်းဂဏန်း ဒီ့ထက်များနိုင်တယ်လို့လည်း ဆိုပါတယ်။

COVID-19 ကာကွယ်ဆေး တကမ္ဘာလုံး အသုံးပြုနိုင်ရေး WHO အစီအစဉ် နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင်

COVID-19 ကာကွယ်ဆေးကို ကမ္ဘာတလွှား တန်းတူညီမျှ ဖြန့်ဝေပေးနိုင်ဖို့ လုပ်ဆောင်နေတဲ့ WHO က ဦးဆောင်တဲ့ COVAX အစီအစဉ်မှာ ပါဝင်ဆောင်ရွက်မယ့် နိုင်ငံတွေဟာ အခုဆို ၁၅၀ ကျော်သွားပြီလို့ WHO က တနင်္လာနေ့ ဂျနီဗာသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါအား ရွေးချယ်တင်မြှောက်

ဂျပန်လွှတ်တော်များသည် လက်ရှိ အာဏာရပါတီက ရွေးချယ်လိုက်သော ခေါင်းဆောင်သစ်ဖြစ်သည့် ယိုရှီဟီဒီဆူဂါ အား ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

ယိုရှီဟီဒီဆူဂါသည် အသက် ၇၁ နှစ် အရွယ်ရှိပြီဖြစ်သော ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ညာလက်ရုံးဟု သတ်မှတ်ခံရသူဖြစ်သောကြောင့် ဂျပန်နိုင်ငံ၏ မူဝါဒပိုင်းသည် အပြောင်းအလဲ ဖြစ်နိုင်ဖွယ် မရှိဟု သုံးသပ်ကြသည်။