
မြောက်ကိုရီးယားသည် နိုဝင်ဘာလ ၃ ရက် ကြာသပတေးနေ့တွင် ပဲ့ထိန်းဒုံးကျည် အများအပြားကို ထပ်မံပစ်လွှတ်ခဲ့ပြီး ထိုဒုံးကျည်များထဲမှ တစ်စင်းကြောင့် ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ ဒေသခံများအား အကာအကွယ်ယူရန် အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။
ကနဦးတွင် ဂျပန်အစိုးရက ဒုံးကျည်တစ်စင်း ဂျပန်ကို ဖြတ်ကျော်သွားသည်ဟု သတိပေးခဲ့သော်လည်း ထိုထုတ်ပြန်ချက်မှာ မှားယွင်းကြောင်း ပြန်လည် ပြောကြားခဲ့သည်။









