
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ စက်တင်ဘာ(၅)ရက်က ပြင်းအား (၆.၈) အဆင့်ရှိတဲ့ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ (၄၆) ယောက်သေဆုံးပြီး (၁၆) ယောက် ပျောက်ဆုံးနေပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် နေ့လယ် (၁)နာရီလောက်မှာ စီချွမ်ပြည်နယ်ကို ဗဟိုချက်ထားပြီး အောက်အနက် (၁၀) ကီလိုမီတာကနေ လှုပ်ခတ်ခဲ့တာပါ။









