
ပါကစ္စတန်ဆိုင်ရာ ကုလကိုယ္စားလွယ္က ပါကစ္စတန်ရေးဘေးကယ်ဆယ်ရေးအတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေက အမေရိကန်ဒေါ်လာ သန်း ၁၅၀ ထည့်ဝင်လှူဒါန်းဖို့ ကတိပြုထားကြတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အဲဒီကတိကဝတ်တွေကို နိုင်ငံတကာအန်ဂျီအို၊ ပြည်တွင်းအန်ဂျီအိုနဲ့ ကုလအေဂျင်စီတွေရဲ့ တရားဝင် သဘောတူညီချက်အဖြစ် အကောင်အထည်ဖော်ပြီး ပြည်သူတွေအတွက် အကူအညီပေးရေး ပစ္စည်းတွေအဖြစ် အမြန်ပေးအပ်နိုင်ဖို ဆောင်ရွက်ရမယ်လို့လည်း သူကပြောပါတယ်။









