ဖလော်ရီဒါရှိ ထရမ့်၏နေအိမ်ကို FBI ဝင်စီး

တရားဝင် သမ္မတရုံး မှတ်တမ်းတွေကို အိမ်ဖြူတော်ကနေ သူ့ရဲ့ ဖလော်ရီဒါနေအိမ်ကို ဒေါ်နယ်ထရန့် က ရွှေ့ပြောင်းခဲ့တာနဲ့ ဆက်စပ်တဲ့ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းဖြစ်ရပ်မှာ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး FBI အေးဂျင့်တွေက သူ့ရဲ့ မာအာလာဂို နေအိမ်ကို စီးနင်းရှာဖွေပြီး မီးခံသေတ္တာတစ်လုံးကိုပါ ဖွင့်ဖောက်သွားခဲ့တယ်လို့ ကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် က ပြောကြားပါတယ်။

တရုတ်၏ကျူးကျော်နိုင်မှု အရိပ်အ‌ယောင်များကြောင့် ထိုင်ဝမ်လည်းစစ်ရေးလေ့ကျင့်

ထိုင်ဝမ်၏ထိပ်တန်းသံတမန်က တရုတ်နိုင်ငံသည် ထိုင်ဝမ်ကိုကျူးကျော်ရန် ပြင်ဆင်နေကြောင်းစွပ်စွဲကာ အင်္ဂါနေ့ (သြဂုတ် ၉ ရက်) တွင် အမြောက်တပ်စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့သည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဌနန်စီပေလိုစီ၏ ခရီးစဉ်အပြီးတွင် တရုတ်သည် ၎င်း၏အကြီးမားဆုံး ရေပြင်နှင့်ဝေဟင်စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်အနီးတွင်ပြုလုပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ဆီဈေးအဆမတန်မြင့်တက်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်

ဘင်္ဂလားဒေ့ရှ်တွင် စက်သုံးဆီဈေးအဆမတန်မြင့်တက်လာပြီး မူလဈေး၏ ၅၂ ရာခိုင်နှုန်းအထိခုန်တက်သွားခဲ့ကာ ဝယ်သူများအနေဖြင့် ညအချိန်ထိ စောင့်ဆိုင်းဆီဖြည့်နေရကြောင်း သိရှိရသည်။

ယခုဖြစ်ပေါ်နေသော အခြေအနေများကိုအမြန်ဆုံးထိန်းချုပ်ပေးရန် တောင်းဆိုလျက် ဆန္ဒပြသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့အပြားရှိ ဆီဆိုင်များကို တောင်းဆိုလျက်ရှိကြသည်။ လွတ်လပ်ရေးရပြီးကတည်းက အမြင့်ဆုံးအနေအထားသို့ရောက်ရှိနေသော ဆီဈေးနှုန်းဖြစ်ကာ ဒီဇယ်တစ်လီတာလျှင် ဘင်္ဂလားဒေ့ရှ်ငွေ ၃၄ တာကာ အထိဖြစ်လာခဲ့သည်။

ဆိုးလ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားဘူတာရုံများ ရေကြီးကာ ယာဉ်များ နစ်မြုပ်နေ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆိုးလ်ရှိ ဧရိယာ အများအပြား ရေနစ်မြုပ်​နေပြီး မော်တော်ကားများပါ နစ်မြုပ်ကာ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြရသည်။

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့​နေ​သော ဓာတ်ပုံများနှင့် ဗီဒီယိုများတွင်  လမ်းများပေါ်မှာ ရေလျှံနေပြီး မြေအောက်ရထားဘူတာရုံတစ်ခု၏ လှေကားထစ်တွင်လည်း ရေများ လျှံတက်နေတာကို တွေ့ရသည်။

အစ္စရေးက ဒုတိယ စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ပြီး တင်းမာမှုများဆက်ဖြစ်

အစ္စရေးက ပါလက်စတိုင်း အစ္စလမ်မစ် ဂျီးဟတ်အဖွဲ့(PIJ)က ဒုတိယခေါင်းဆောင်တစ်ဦးကို သတ်ဖြတ် လိုက်ချိန်မှာပဲ ဂါဇာဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေ မြင့်တက်လာခဲ့ပါတယ်။

တရုတ်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ ကမ္ဘောဒီးယားတွင် တွေ့ဆုံ

ဖနွမ်းပင်၊ဩဂုတ် ၇

တရုတ်နိုင်ငံ‌တော်ကောင်စီဝင်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးပြင်ပ၌ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့် သောကြာနေ့ က တွေ့ဆုံခဲ့သည်။

အစည်းအဝေးတွင် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။ မစ္စတာဝမ်ယိကမူ ထိုင်ဝမ်ကိစ္စအတွက် တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်ချက်ကို အခိုင်အမာ ရှင်းလင်းပြောကြားခဲ့သည်။

ဆွီဒင်နှင့် ဖင်လန် နေတိုးဝင်ခွင့် ကန်အထက်လွှတ်တော် အတည်ပြု

ရုရှား-ယူကရိန်း အရေးအခင်းနှင့် ပတ်သက်၍ ရုရှား၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် အထက်လွှတ်တော်သည် ဩဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့အား နေတိုးအဖွဲသို့ ဝင်ရောက်ခွင့် အတည်ပြုလိုက်ပြီ ဖြစ်သည်။

နိုင်ငံပေါင်း ၃၀ ဖြင့်ဖွဲ့စည်းထားသော နေတိုးမဟာမိတ်အဖွဲ့၏ ၁၉၉၀ပြည့်နှစ်များ နောက်ပိုင်း အထင်ရှားဆုံး အဖွဲ့ဝင် တိုးချဲ့မှုဖြစ်လာသည်။

ကျွမ်းကျင်လုပ်သားများနှင့်ရင်းနှီးမြုပ်နှံသူများကို ထိုင်းက ဆယ်နှစ်ဗီဇာပေးမည်

ထိုင်းနိုင်ငံသည် ကျွမ်းကျင်လုပ်သားများနှင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သည့်အနေဖြင့် ၁၀ နှစ်ဗီဇာကို လာမည့်စက်တင်ဘာလတွင်စတင်ထုတ်ပေးသွားမည်ဖြစ်ပြီး ယခုအစီစဉ်သည်နောက်ငါးနှစ်အတွင်း ဂျပန်နိုင်ငံနှင့် အခြားအဆင့်မြင့်စီးပွားရေးနိုင်ငံများကို ခေါ်ယူရန်ရည်ရွယ်သည့် လုပ်‌ေဆာင်မှုတစ်ခုဖြစ်သည်။

မော်တော်ကား၊ အီလက်ထရွန်းနစ်နှင့် ဇီဝနည်းပညာကဲ့သို့သော အဓိကကဏ္ဍများကို ယှဉ်ပြိုင်နိုင်စေရန်အတွက် ရေရှည်ဗီဇာကို ထုတ်ပေးခြင်းဖြစ်သည်။

ထိုင်းတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁ ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း ၃ ဦးရှိလာ

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူလူနာ နောက်ထပ်တဦး တွေ့ရှိတယ်လို့ ထိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။အဆိုပါလူနာမှာ အသက် ၂၅ နှစ်ရွယ်ရှိ ဂျာမနီနိုင်ငံသားတဦးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံထဲကို ဇူလိုင် ၁၈ ရက်က ဝင်ရောက်လာကာ ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်မှာ ရောက်ရှိနေတာလို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအိုဖတ်ကန်ကဝင်းဖုန်းက ဩဂုတ် ၃ ရက် နေ့ခင်းပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်ဝမ်ကိုကုန်သွယ်ရေး တားမြစ်ချက်များ တရုတ်ချမှတ်

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် ဩဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် တရုတ်နိုင်ငံသည် ထိုင်ဝမ်မှ သစ်သီးနှင့် ငါးများ တင်သွင်းမှုကိုတားမြစ်ခဲ့ပြီး ထိုင်ဝမ်သို့ သဲတင်ပို့မည့် သင်္ဘောများကိုပါ ရပ်ဆိုင်းထားစေခဲ့ကြောင်း သိရသည်။

တရုတ်အကောက်ခွန် ဌာနက ထိုင်ဝမ်မှ တင်ပို့သော ရှောက်သံပုရာ မျိုးဝင်အသီးများတွင် လွန်ကဲစွာ အသုံးပြုထားသော ပိုးသတ်ဆေး အကြွင်းအကျန်များကို ထပ်တလဲလဲ စစ်ဆေးတွေ့ရှိရသောကြောင့် သစ်သီးတင်သွင်းမှု အချို့ ကို ဆိုင်းငံ့ထားကြောင်းနှင့် ငါးတင်ပို့ကိုမူလည်း ထုပ်ပိုးသည့် ဘူးခွံများပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိမှုကြောင့် ဆိုင်းငံ့ထားရကြောင်း ပြောကြားခဲ့သည်။