
အီရန်တွင် မာဆာအာမီနီအမည်ရှိ မိန်းကလေးတစ်ဦးသည် နိုင်ငံအတွင်းပြဋ္ဌာန်းထားသည့် အမျိုးသမီးများ ၏ ဝတ်စားဆင် ယင်မှုစည်းကမ်းချက်ကို ချိုးဖောက်သည်ဟု ဖမ်းဆီးခံခဲ့ရပြီးနောက် ထိန်းသိမ်းခံထား ရချိန်တွင် သေဆုံးခဲ့သဖြင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှု များ နှစ်လကျော်ဖြစ်ပွားခဲ့ပြီးနောက် အီရန်အာဏာပိုင် များ က အကျင့်စာရိတ္တထိန်းသိမ်း ရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့သည်ဟု အရာရှိ တစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။





