
မြောက်ကိုရီးယားသည် ၎င်း၏အရှေ့ဘက်နှင့်အနောက်ဘက်ကမ်းရိုးတန်းများကို အောက်တိုဘာ ၁၈ ရက် အင်္ဂါနေ့က အမြောက်များဖြင့်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။
မြောက်ကိုရီးယားက ဒေသစံတော်ချိန်ည ၁၀ နာရီဝန်းကျင်လောက်တွင် အနောက်ဘက်ကမ်းရိုးတန်းပင်လယ်ထဲသို့ ကျည် ၁၀၀ ခန့်ပစ်ခတ်ခဲ့ပြီး အရှေ့ဘက်ကမ်းရိုးတန်းတွင်မူ နောက်ထပ်ကျည် ၁၅၀ ကိုထပ်မံပစ်ခတ်ခဲ့သည်ဟု ပူးတွဲစစ်ဦးစီးချုပ်ရုံးက ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ခဲ့သည်။
“မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်ပေးဖို့ ကျွန်တော်တို့အလေးအနက်တိုက်တွန်းပါတယ်” ဟု JCS က Yonhap ၏ထုတ်ပြန်ချက်အားဖော်ပြထားသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်