
Facebook ၊ Instagram နဲ့ WhatsApp တို့ကို ပိုင်တဲ့ Meta နည်းပညာကုမ္ပဏီဟာ ဝန်ထမ်းအင်အား ၁၃ ရာခိုင်နှုန်းလောက်ကို လျှော့ချခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်းအင်အား ၈၇,၀၀၀ လောက်ထဲက ဝန်ထမ်း ၁၁,၀၀၀ ကို လျှော့ချခဲ့တာပါ။ ဒါဟာ Meta ကုမ္ပဏီရဲ့သမိုင်းမှာ ပထမဆုံးအကြိမ် အစုအလိုက် အပြုံလိုက် ဝန်ထမ်းလျော့ချမှု ဖြစ်ပါတယ်။









