
ဂျပန်အခြေစိုက် တိုယိုတာ ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားအမျိုးအစားသစ် တစ်မျိုးကို စတင်ရောင်းချတော့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဂျပန်အခြေစိုက် တိုယိုတာ ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားအမျိုးအစားသစ် တစ်မျိုးကို စတင်ရောင်းချတော့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခြင်းဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခဲ့သော ရုရှားအား နောက်ဆက်တွဲ ကိစ္စအားလုံးအတွက် တာဝန်ယူခိုင်းမည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အတည်ပြုခဲ့သည်။
ထိုကိစ္စများထဲတွင် စစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှုများနှင့် အသက်ဆုံးရှုံးခဲ့သူများအတွက် လျော်ကြေးငွေများ ပေးဆောင်ရန် ပါဝင်သည်။

အလွတ်တန်းရှေ့နေ နာတာဆာ မူဆာဟာ နိုဝင်ဘာ ၁၃ ရက်က စလိုဗေးနီးယားသမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင် ဖြစ်လာဖို့ရှိနေတယ်လို့ ကနဦး မဲရလဒ်တွေအရ သိရပါတယ်။

တူရကီနိုင်ငံ မြို့လယ်က လူရှုပ်တဲ့နေရာတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူခြောက်ဦး သေဆုံးကာ ၈၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီအရာရှိတွေက ပြောကြားပါတယ်။ တက်ဆင် ရင်ပြင် ဧရိယာက ဈေးဆိုင်တွေနဲ့ စည်းကားတဲ့လမ်းမှာ ညနေ လေးနာရီ ၂၀ မိနစ်လောက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးမှူးက ပြောကြားပြီး မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထားတယ်လို့လည်း တူရကီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ပေါက်ကွဲမှုက အမျိုးသမီးတစ်ဦးကလုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ထင်မြင်ရကြောင်း ဒုတိယသမ္မတ ဖူရက်အော့တေးက စောစောပိုင်းမှာ ပြောပါတယ်။

ထိုင်ဝမ်ကို မကြာခင် ၀င်တိုက်ဖို့ တရုတ် ခေါင်းဆောင်တွေ စီစဉ်ထားတယ်လို့ မယူဆကြောင်း အမေရိကန် သမ္မတ Joe Bidne ကပြောဆိုလိုက်ပေမဲ့၊ အမေရိကန် အနေနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းထားရေး ဆက်လက် ပိုင်းဖြတ်ထားကြောင်း တနလာင်္နေ့မှာ ပြောပါတယ်။ အမေရိကန်က တရုတ်ကို အားတက်သရော ယှဉ်ပြိုင်မယ်လို့လည်း အမေရိကန် သမ္မတက ပြောဆိုခဲ့ပါတယ်။

အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက အင်ဒိုနီးရှားနိုင်ငံဆီ လွှဲပြောင်းပေးခဲ့ပြီး ထိပ်သီးအစည်းအဝေး ဟာ နိုဝင်ဘာ ၁၃ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။

အီရန်တွင် မာဆာ အမ်မီနီအမည်ရှိ လူငယ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရချိန်တွင် သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတစ်ဝန်းတွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းခဲ့ရာတွင် သေဆုံးသူ ၃၂၆ ဦး ထက်မနည်းရှိခဲ့သည်ဟု အီရန် လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၁၂ ရက် တွင် အသက်ထုတ်ပြန်ခဲ့သည့် သေဆုံးသူ စာရင်းတွင် ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုဖြစ်နေသောအခြေအနေတွင် အာဆီယံ၊ G-20 နှင့် APEC ထိပ်သီးအစည်းအဝေးများကိုအရှေ့တောင်အာရှတွင်ကျင်းပမည်ဖြစ်သည်။
မြန်မာ၊ထိုင်ဝမ်နှင့်ယူကရိန်းကဲ့သို့ပြသနာများအပြင် အင်အားကြီးနိုင်ငံများအားပြိုင်မူကြောင့် ပိုလာရိုင်ဇေးရှင်း ကြီးထွားလာနေသည့်အခြေအနေမျိုးတွင် အစည်းဝေး တက်ရေးမတက်ရေးများကလည်း အတော်စဉ်စားကြရသည့် ကိစ္စဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျဉ်တို့ဟာ လာမယ့် တနင်္လာနေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပမယ့် စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ G20 အဖွဲ့အစည်းအဝေးမှာ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ (Act. Jake Sullivan, National Security Council adviser)

သြစတြေးလျနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအာမခံ ကုမ္ပဏီကြီးတစ်ခုထံမှ ဖောက်ထွင်းရယူထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကျန်းမာရေးမှတ်တမ်းများကို ကွန်ပျူတာဟက်ကာများက အင်တာနက်တွင် ဆက်တိုက် ထုတ်ပြန်ဖော်ပြနေလျှက်ရှိပြီး ထိုသို့ပြုလုပ်နေခြင်းကို ရပ်တန့်ပေးစေလိုပါက အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးရမည်ဟု ယနေ့ ကြာသပတေးနေ့တွင် တောင်းဆိုထားသည်။