
နိုဝင်ဘာ ၂၁ ရက်က အင်ဒိုနီးရှား၏ အဓိကကျွန်းဖြစ်သော ဂျာဗားကို ပြင်းအား ၅ ဒသမ ၆ ရှိ စောက်တိမ် ငလျင်လှုပ်သွားသောကြောင့် လက်ရှိအချိန်ထိ အနည်းဆုံးလူ ၄၆ ဦးသေဆုံးထားသည်ဟု ဒေသဆိုင်ရာတာဝန် ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။ ငလျင်သည် အဆောက်အအုံများကို ပျက်စီးစေခဲ့ပြီး မြေပြိုမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ယင်းတာဝန်ရှိသူက ပြောကြားသည်။ လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၇၀၀ ကျော်ရှိသည်ဟု သိရသည်။









