
အီတလီနိုင်ငံတောင်ပိုင်းရှိ အစ်ရှီယာကျွန်းတွင် မြေပြိုမှုဖြစ်ပွားပြီးနောက် လူခုနစ်ဦးထက်မနည်း သေဆုံးကာ လူအချို့ ပျောက်ဆုံးနေပြီး နိုဝင်ဘာ ၂၇ ရက်က အဆိုပါကျွန်းတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်ဟု သိရသည်။ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက မြို့ငယ်လေးတစ်မြို့သည့် Casamicciola တွင် ရွှံ့ညွှန်များနှင့် အပျက်အစီးဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ကားများသည်လည်း ပင်လယ်ရှိရာသို့ မျောပါသွားခဲ့သည်ဟု ဒေသတွင်းမီဒီယာနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။








