
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်လာသော လှေတစ်စင်းသည် ဖေဖော်ဝါရီလ ၂၆ ရက် တနင်္ဂနွေနေ့တွင် အီတလီနိုင်ငံ ကာလာဘရီယာ ဒေသရှိ ကရိုတိုနေးမြို့အနီးသို့ ကမ်းကပ်ရန် ကြိုးပမ်းစဉ် ကျောက်ဆောင်တစ်ခုနှင့် တိုက်မိခဲ့သဖြင့် ပျက်စီးနစ်မြုပ်ခဲ့ရာ ကလေး ၁၂ ဦး အပါအဝင် လူ ၅၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။









