
ကိုရိုနာဗိုင်းရပ်စ်ကင်းစင်မဟာဗျူဟာကို လျင်လျင်မြန်မြန်စွန့်ခွာနေစဉ် သမိုင်းမှတ်တိုင်ဖြစ်ခဲ့သည့် App တစ်ခုကို အသုံးပြုတော့မည်မဟုတ်ဟု ဒီဇင်ဘာ ၁၂ ရက်တွင် တရုတ်အစိုးရက ထုတ်ပြန်သည်။ အဆိုပါ App သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားလျက်ရှိသည့် ဒေသများကို ခရီးသွားရာတွင် ခြေရာခံသည့် အခါ အသုံးပြုသော App ဖြစ်ကြောင်း သိရသည်။ တရုတ်သည် ကိုဗစ်ကင်းစင်မူဝါဒကို ထိရောက်စွာ စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် အကြီးစားလော့ဒေါင်းချခြင်းများ၊ မဖြစ်မနေကွာရန်တင်းဝင် စေခြင်းများ၊ ဆေးစစ်မှုကန့်သတ်ချက်များ ဖြေလျှော့ခြင်းတို့ကို လွန်ခဲ့သောသီတင်းပတ်တွင် ကြေညာ ခဲ့သည်။





