မြောက်ကိုရီးယားကို စောင့်ကြည့်ရန်အတွက် တောင်ကိုရီးယား၌ အမေရိကန်စစ်တပ်က အာကာသတပ်ဖွဲ့ ဖွဲ့စည်းထားရှိ

မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများကို ခြေရာခံထောက်လှမ်းရာတွင် ပိုမိုအထောက်အကူဖြစ်စေရန်အတွက် ဒီဇင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယား၌ အမေရိကန် ပြည်ထောင်စုက အာကာသတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားရှိခဲ့သည်။ မြောက်ကိုရီးယားသည် ယခုနှစ်ထဲတွင် လက်နက်စမ်းသပ်မှုများကို စံချိန်တင်အရေအတွက်အထိ တိုးမြှင့်လုပ်ဆောင်လျက်ရှိကာ အမေရိကန် ပြည်မအထိ ရောက်နိုင်ဖွယ်ရှိသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုနှင့် ဂျပန်ကိုဖြတ်ကျော်၍ တာလတ်ပစ် ဒုံးကျည်စမ်းသပ်မှုတို့ကိုလည်း ပြုလုပ်ခဲ့သည်။

ပီရူးတရားရုံးတစ်ရုံးက သမ္မတဟောင်းကိုပြန်လွှတ်ပေးရန် အယူခံဝင်မှုကို ပယ်ချခဲ့

ပုန်ကန်မှုနှင့် လျှို့ဝှက်ပူးပေါင်းကြံစည် မှုစွဲချက်များဖြင့် တရားရင်ဆိုင်နေရသောပီ ရူးသမ္မတဟောင်း ပက်ဒရိုကက်စတီလိုကို ပြန်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြမှုများသည်  အထိန်းအကွပ်မဲ့သည့် အခြေအနေ သို့ ရောက်ရှိနိုင်ဟု တာဝန်ရှိသူများက သတိပေးထားချိန်တွင် ပီရူးတရားရုံးတစ်ရုံးက ဒီဇင်ဘာ ၁၃ရက်၌ ကက်စတီလိုကို ပြန်လွှတ်ပေးရန်အယူခံဝင်မှုကို ပယ်ချခဲ့သည်။ အစိုးရရှေ့နေများက ကက်စတီလိုကို တရားခွင်အကြိုထိန်းသိမ်းမှုအဖြစ် ၁၈ လကြာ ထိန်းသိမ်းထားရန် ဒီဇင်ဘာ ၁၃ရက် နှောင်းပိုင်းတွင် အဆိုတင်သွင်းခဲ့ပြီး ယင်းသည်၎င်းအား စုံစမ်းစစ်ဆေးမှု တရားဝင်စတင်ခြင်းဖြစ်သည်ဟု တရားရေး ဆိုင်ရာ သတင်းအရင်းအမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် COVID-19ရောဂါထိန်းချုပ်ရေး စည်းမျဉ်းအချို့ကို ထပ်မံဖြေလျှော့လိုက်သော်လည်း စည်းမျဉ်းအများအပြားကို ဆက်လက်ထားရှိဆဲဖြစ်

တင်းကျပ်သည့် ကိုဗစ်ကင်းစင်မူဝါဒကို စွန့်လွှတ်လိုက်သည့် တရုတ်အစိုးရက ခရီးသွားရာဇဝင်ကို ခြေရာခံသည့် App တစ်ခုကို အသုံးပြုတော့မည်မဟုတ်ဟု ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်ကင်းစင်မဟာဗျူဟာကို လျင်လျင်မြန်မြန်စွန့်ခွာနေစဉ် သမိုင်းမှတ်တိုင်ဖြစ်ခဲ့သည့် App တစ်ခုကို အသုံးပြုတော့မည်မဟုတ်ဟု ဒီဇင်ဘာ ၁၂ ရက်တွင် တရုတ်အစိုးရက ထုတ်ပြန်သည်။ အဆိုပါ App သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားလျက်ရှိသည့် ဒေသများကို ခရီးသွားရာတွင် ခြေရာခံသည့် အခါ အသုံးပြုသော App ဖြစ်ကြောင်း သိရသည်။ တရုတ်သည် ကိုဗစ်ကင်းစင်မူဝါဒကို ထိရောက်စွာ စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် အကြီးစားလော့ဒေါင်းချခြင်းများ၊ မဖြစ်မနေကွာရန်တင်းဝင် စေခြင်းများ၊ ဆေးစစ်မှုကန့်သတ်ချက်များ ဖြေလျှော့ခြင်းတို့ကို လွန်ခဲ့သောသီတင်းပတ်တွင် ကြေညာ ခဲ့သည်။

အီရန်တွင် ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အကျင့်စာရိတ္တ ထိန်းသိမ်းရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်း

အီရန်တွင် မာဆာအာမီနီအမည်ရှိ မိန်းကလေးတစ်ဦးသည် နိုင်ငံအတွင်းပြဋ္ဌာန်းထားသည့် အမျိုးသမီးများ ၏ ဝတ်စားဆင် ယင်မှုစည်းကမ်းချက်ကို ချိုးဖောက်သည်ဟု ဖမ်းဆီးခံခဲ့ရပြီးနောက် ထိန်းသိမ်းခံထား ရချိန်တွင် သေဆုံးခဲ့သဖြင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှု များ နှစ်လကျော်ဖြစ်ပွားခဲ့ပြီးနောက် အီရန်အာဏာပိုင် များ က အကျင့်စာရိတ္တထိန်းသိမ်း ရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့သည်ဟု အရာရှိ တစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ပဋိပက္ခမျိုးစုံကြုံနေရသောကြောင့် ၂၀၂၃ ခုနှစ်အတွက် အကူအညီရန်ပုံငွေ စံချိန်တင် အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၅ ဘီလျံကို ကုလသမဂ္ဂတောင်းခံ

ယူကရိန်းစစ်ပွဲနှင့် အခြားသောပဋိပက္ခများ၊ ရာသီဥတုအရေးပေါ်အခြေအနေများ၊ တငွေ့ငွေ့လောင်နေဆဲ ကူးစက် ရောဂါ၊ က  နောက်ထပ်ပြည်သူများကို အကျပ်အတည်းထဲသို့လည်းကောင်း၊ ပြည်သူအချို့ကို အငတ်ဘေးသို့ လည်းကောင်း တွန်းပို့နေသောကြောင့် ကုလသမဂ္ဂက နောက်နှစ် အကူအညီအတွက် စံချိန်တင် ရန်ပုံငွေများကို မေတ္တာရပ်ခံခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင်ပြည်သူ ၃၃၉ သန်းသည် လာမည့်နှစ်တွင် အကူအညီ ပုံစံတစ်မျိုးမျိုး လိုအပ်လာလိမ့်မည်ဟု ကုလသမဂ္ဂ၏ နှစ်စဉ် Global Humanitarian Overview က ခန့်မှန်းထားရာ ထိုအရေအတွက်သည် လွန်ခဲ့သောနှစ်ကထက် လူသန်း ၆၀ ပိုများလာသည်ဟု ဆိုသည်။